Subscribe:
Welcome To International Political Media Groups(IPMG)

Pages

Wednesday, April 25, 2012

လာမယ့်တနင်္ဂနွေနေ့မှာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံကို သွားရောက်မယ်

နယူးရောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ တနင်္လာနေ့က မြန်မာ့ မိတ်ဆွေနိုင်ငံများ အစည်းအဝေး အပြီး ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းရဲ့ ပြောဆိုချက်တွေကို တင်ပြထားပါတယ်။

ဒီတခေါက် သူသွားမယ့် အခြေအနေဟာ အရင်က နဲ့ မတူတော့တဲ့
အကြောင်း အတွင်းရေးမှုးချုပ်က သတင်းထောက်တွေကို ပြောပါတယ်။

"ကျနော် မြန်မာပြည်ကိုသွားခဲ့တာ နှစ်ကြိမ်ရှိပါပြီ။ ပထမတကြိမ်က ၂၀၀၈ ဆိုင်ကလုန် မုန်တိုင်း အပြီးနဲ့ ၂၀၀၉ ခုနှစ် ကတော့ ဒုတိယအကြိမ်ပါ။ ဒီတကြိမ်မှာတော့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးလုံးကို ကိုယ်တိုင်ကိုယ်ကျ ဂုဏ်ပြုစကားပြောကြားနိုင်ဖို့လည်း ကျနော်အနေနဲ့ မျှော်လင့်ပါတယ်။"

လက်ရှိမြန်မာနိုင်ငံက အပြောင်းအလဲတွေနဲ့ပတ်သက်လို့ မြန်မာ့မိတ်ဆွေ
နိုင်ငံများအဖွဲ့ အနေနဲ့ တညီတညွတ်တည်း အသိအမှတ်ပြုကြောင်းလည်း မစ္စတာ ဘန်ကီမွန်းက အခုလို ပြောပါတယ်။

"လွန်ခဲ့တဲ့ တနှစ်ခွဲကျော်လောက်ကစပြီး မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့
စီးပွားရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲတာတွေကို ကျနော်တို့ မြင်တွေ့ခဲ့ရ ပါတယ်။ မကြာသေးခင်ကကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲဟာ ဆိုရင်လည်း တကယ်ကို မှတ်တမ်းတင်စရာပါ။ ဒါဟာ ပြုပြင်ပြောင်းလဲရေးနဲ့
အမျိုးသား ရင်ကြားစေ့ရေးကို ဦးတည်တဲ့ အရေးပါတဲ့ ခြေလှမ်းအဖြစ် ကျနော်တို့ မြင်တွေ့ခဲ့ရပါတယ်။ နောက်ပြီး မြန်မာအနေနဲ့ ကမ္ဘာနဲ့ ဆက်ဆံရေးပြန်ပြီး တံခါးဖွင့်ခဲ့တာကိုလည်း ကျနော်တို့ မြင်ရပါတယ်"

အခုလို ကုလသမဂ္ဂ အနေနဲ့ မြန်မာပြည်ရဲ့ အပြောင်းအလဲတွေကို အသိအမှတ်ပြုတယ် ဆိုပေမယ့် အခြေအနေတွေဟာ မတည်ငြိမ်သေးဘူး။ ဒီမိုကရေစီနဲ့လူ့အခွင့်အရေး စံချိန်စံညွန်းတွေအရ ဆိုရင် ဆောင်ရွက်ရမယ့် ကိစ္စတွေ အများကြီး လိုအပ်နေသေးတယ် ဆိုတာကိုလည်း အတွင်းရေးမှုးချုပ်က သတိပေး ပြောဆိုသွားပါတယ်။

"အခုလို ခြေလှမ်းအစမှာ သိပ်ပြီးထိခိုက်ရှလွယ်တဲ့ အဆင့်ဆိုတာ ကျနော်တို့လက်ခံထားပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ရှေ့မှာ စိန်ခေါ်မှုတွေ အများကြီးနဲ့ ရင်ဆိုင်ရအုံးမှာပါ။ မြန်မာပြည်နဲ့ပတ်သက်လို့ စိုးရိမ်မကင်း
ဖြစ်ရတဲ့ အခြေအနေတွေကလည်း ရှိနေဆဲပါ။ ဒါပေမယ်လို့ မြန်မာနိုင်ငံမှာ ပိုပြီးကောင်းမွန်တဲ့ အနာဂတ် ပေါ်ပေါက်လာဖို့ အတွက် ကျနော်တို့ဘက် ကလည်း ကူညီနိုင်မယ့် အခွင့်အလမ်းတွေ ရှိမယ်ဆိုတာ ယုံကြည်ပါတယ်"

ကချင်ဒုက္ခသည် အရေးနဲ့ပတ်သက်လို့လည်း အခုလို ပြောပါတယ်။

"တိုင်းရင်းသားအဖွဲ့တွေနဲ့ ကြိုးစားပြီး ညှိုနှိုင်း ဆွေးနွေးနေတာတွေကြောင့် ကျနော် အားတက်မိပါတယ်။ အထူးသဖြင့် ကရင်အမျိုးသား အစည်းအရုံး
နဲ့ပါ။ အလားတူပဲ ကချင် တိုင်းရင်းသားအဖွဲ့နဲ့လည်း ဆွေးနွေး အဖြေရှာနိုင်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။ ဒီမိုကရေစီစနစ် အသွင် ကူးပြောင်းရေး အတွက် မြန်မာ အာဏာပိုင်တွေဘက်က အဖွဲ့အားလုံး ပါဝင်နိုင်ရေး အတွက် အားလုံးနဲ့ ထိစပ်နိုင်ဖို့ဟာ အရေးကြီးပါတယ်။"

ဒါအပြင် မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်လို့ လက်ရှိ နိုင်ငံတကာ
အသိုင်းအ၀ိုင်းရဲ့ တုန့်ပြန်ချက်တွေကိုလည်း မစ္စတာဘန်ကီမွန်းက ကြိုဆိုပါသွားပါတယ်။

မနေ့က အီးယူ ဥရောပသမဂ္ဂ ကနေ မြန်မာအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ပင်မှု တနှစ်ဆိုင်းငံလိုက်တဲ့ ကြေညာချက် အပါအ၀င် အမေရိကန် ပြည်ထောင်စုနဲ့ အခြားနိုင်ငံတွေကနေ မြန်မာအပေါ် ဒဏ်ခတ်မှု တချို့ ပြန်ပြီး ရုတ်သိမ်း လိုက်တာကိုလည်း ထောက်ခံကြောင်း ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်က ပြောသွားပါတယ်။

0 comments:

Post a Comment