Subscribe:
Welcome To International Political Media Groups(IPMG)

Pages

Sunday, April 1, 2012

ကျောက်ပန်းတောင်းမြို့ အခြေအနေ

ကျောက်ပန်းတောင်းမြို့သပြေသာရပ်
ကွက်မှာ ရွေးကောက်ပွဲကော်မီရှင်ဥက္ကဌက အရက်မူးနေသလို မဲလာထည့်တဲ့လူတွေ က သူတို့နံမည် မပါတာကြောင့် ပြဿနာဖြစ်ခဲ့တဲ့အကြောင်း ကျောက်ပန်းတောင် အင်န်အယ်လ်ဒီ ရွေးကောက်ပွဲအောင်နိုင်ရေး တာဝန်ခံ ကိုအေးခိုင်က ပြောပါတယ်။

"ကော်မရှင်ဥက္ကဋ္ဌက မူးနေတာ။ သွားပေးတဲ့လူ မပါတဲ့အခါကျတော့
လူ ၁၀၀ ကျော်လောက်က မဲရုံရှေ့မှာ ဆန္ဒပြသလို ၀ိုင်းအုံနေကြတော့
ကော်မီရှင်ဥက္ကဋ္ဌ နဲ့ စကားများ ၊ ရဲတွေခေါ်ထားပြီးတော့ နောက် လူတွေက မဲစာရင်းထဲမှာမပါလို့ မဲမပေးရဘူးဆိုရင် လူတွေက အိမ်မှာပြန်ပြီးတော့ ပုံစံ၁၀ နဲ့ မှတ်ပုံတင်ယူလာတယ်။ ကျနော်တို့ ကျမတို့နေတာ နှစ်ပေါင်း ၂၀။ ဒါကို ဘာလို့ မဲစာရင်းထဲ မထည့်တာတုံး။ မဲစာရင်းကြည့်ရအောင် ကော်မီရှင်ကလည်း မကြေညာဘူး၊ ခုချက်ခြင်း မဲပေးနိုင်အောင် လုပ်ပါ ဆိုတော့ မြို့နယ်ကော်မရှင်
ခေါ်တယ်။ ကော်မီရှင်ကလည်း မဲပေးလို့ မရဘူးတဲ့။ ရဲတွေဘာတွေနဲ့ ခေါ်ရှင်းရတယ်။ ဒီတစ်ရပ်ကွက်ထဲ မဟုတ်ဘူး။ လွတ်လပ်ရေး ရပ်ကွက်မှာလည်း အဲလိုဖြစ်တယ်။ပုံစံ ၁၀ နဲ့ မှတ်ပုံတင်ကိုင်ပြီးတော့ ဆန္ဒပြမယ်တဲ့။ အင်န်အယ်လ်ဒီက သွားပြီးတော့ တောင်းပန်ထားရတယ်။"

တကယ်တော့ ဒီတစ်ကြိမ် မဲစာရင်းထဲမပါတဲ့လူတွေက ၂၀၁၀ ရွေးကောက်ပွဲမှာတော့ မဲစာရင်းထဲမှာပါလို့ မဲပေးနိုင်ခဲ့တယ်လို့ သူကပြောပါတယ်။

0 comments:

Post a Comment