Subscribe:
Welcome To International Political Media Groups(IPMG)

Pages

Wednesday, April 4, 2012

သင်္ကြန်ရက် များတွင်လည်း အလှည့်ကျ လျှပ်စစ်မီး ပေးဝေ သွားမည်

 မကြာမီ ကျရောက်မယ့် နှစ်သစ်ကူး သင်္ကြန်ရက် များမှာလည်း လျှပ်စစ်မီး ပေးဝေမှုကို မြို့နယ် တိုင်းမှာ အလှည့်ကျ ပေးဝေ သွားမှာ ဖြစ်တယ်လို့ အမှတ် ၂
လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာန၊ ရန်ကုန် မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူ ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီလို အလှည့်ကျ မီးပေးဝေ သွားမယ့် သင်္ကြန်ရက် တွင်းမှာ
စက်ရုံ၊ အလုပ်ရုံ တွေက ပိတ်ရက် ဖြစ်တာနဲ့ အိမ်များ ကလည်း လျှပ်စစ်မီး သုံးစွဲမှု နည်းတာကြောင့် ရေအား လျှပ်စစ် အခြေအနေကို ကြည့်ပြီး မီးပေးဝေ သွားဖို့ ရှိတယ်လို့ သိရပါတယ်။

သင်္ကြန်ရက် မှာတော့ ရေအား လျှပ်စစ် စက်ရုံများက လျှပ်စစ်ဓာတ်အား ရရှိတာကြောင့် ၂၄ နာရီ မီးရရှိတာ ဖြစ်ပြီး ယခုနှစ်မှာ ရေအား လျှပ်စစ် စက်ရုံများမှာ ရေအား လျော့နဲ လာတာကြောင့် အလှည့်ကျ မီးပေးဝေမှုနဲ့ လျှပ်စစ် ဓာတ်အားပေး ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယခု ဧပြီလ ၁၇ ရက်နေ့ ကစပြီး ရဲရွာ ရေအား လျှပ်စစ် စက်ရုံမှာ ရပ်နား တော့မှာ ဖြစ်ပြီး ဒုတ္ထ၀တီ မြစ်မှာ ရေပြန် ပြည့်မှသာ လျှပ်စစ် ဓာတ်အား ပြန်လည် ထုတ်လုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အလှည့်ကျ လျှပ်စစ်မီး ပေးဝေမှုမှာ အုပ်စုများ ခွဲပြီး ပထမ ၁ ရက်ကို မီး ၆ နာရီ ရရှိမယ် ဆိုရင် နောက် ၁ ရက်ကို ၁၂ နာရီနဲ့ အလှည့်ကျ ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref;MRTV-4

0 comments:

Post a Comment