Subscribe:
Welcome To International Political Media Groups(IPMG)

Pages

Friday, April 20, 2012

ဧပြီလ(၂၅)ရက် နောက်ပိုင်း မြန်မာနိုင်ငံအလယ်ပိုင်း ဒေသအချို့တွင် မိုးရွာသွန်းနိုင်

ဘင်္ဂလားပင်လယ်အော်မှာ လက်ရှိဖြစ်နေတဲ့ တိမ်တွေဟာ ဧပြီလ(၂၆) ရက်နဲ့ (၂၇) ရက် တွေမှာ  မြန်မာနိုင်ငံကို ရောက်ရှိလာဖွယ် ရှိပြီးံအလယ်ပိုင်းဒေသတွေမှာ
မိုးရွာသွန်း နိုင်ဖွယ်ရှိ တယ်လို့ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။

ဒါ့အပြင် ဘင်္ဂလား ပင်လယ်အော်မှာရှိတဲ့ လေပွေလိုင်းတွေဟာ မြန်မာနိုင်ငံတောင်ပိုင်းကို ဖြတ်သန်းခဲ့ရင် တော့ ဧပြီလ (၂၆) ရက်နဲ့ (၂၇) ရက်နောက်ပိုင်းမှာ တနင်္သာရီမြစ်ဝကျွန်းပေါ်ဒေသ တွေမှာလည်း မိုးရွာသွန်း မှာ ဖြစ်တယ်လို့ အဆိုပါဌာနက ခန့်မှန်းထားပါတယ်။အခုလို
ရွာသွန်းပြီးတဲ့နောက် မေလဆန်းမှာ ပြန်လည်ပှုနေနိုင်ပြီးမေလဆန်းမှာ တောင်လေ တိုက်ခတ်လာပါက ရေငွေ့ပါလာမှာ ဖြစ်တဲ့အတွက် မိုးကြိုးမိုးအနေနဲ့ မေလလောက်မှာ မိုးရွာသွန်းနိုင်ဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာတော့ မိုးမကျခင်ရာသီဥတု ပူပြင်းနေတဲ့အချိန်ဖြစ်တာကြောင့် နေပူထဲသွားပါက အမိုးအကာတစ်ခုခု ယူဆောင်သွားရမှာဖြစ်ပြီး နေပူထဲမှ ပြန်လာပါကလည်း ချက်ချင်းရေချိုးခြင်းကို ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ ဒ့ါအပြင် နေ့လည် (၁၁) နာရီမှ ညနေ (၅) နာရီထိ အချိန်အတွင်း ဟာ အပူဆုံးအချိန်များ ဖြစ်တာကြောင့် အဆိုပါ အချိန်အတွင်း ရေချိုးခြင်းကို တတ်နိုင်သလောက် ရှောင်ကြဉ်သင့်တယ်လို့ ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်သတိပေးချက်များအရ သိရပါတယ်။
 Ref;MRTV-4

0 comments:

Post a Comment