Subscribe:
Welcome To International Political Media Groups(IPMG)

Pages

Wednesday, April 4, 2012

အချုပ်ခန်းဖောက်မှုကြောင့် သေနတ်ဖြင့်ပစ်ခတ် နှစ်ဦးသေ ဆယ်ဦးဒဏ်ရာရ



ရန်ကုန် ၊ ဧပြီ ၃

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ရဲစခန်းရှိ အမျိုးသားအချုပ်ခန်းမှ
တရားခံများက ဧပြီ ၂ရက်နေ့ နံနက် ၂နာရီ ၁၅မိနစ်ခန့်တွင် အချုပ်ဖောက်ရန်
ကြိုးစားမှုကြောင့် ရဲတပ်ဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ အချုပ်သား
နှစ်ဦး သေဆုံးပြီး ဆယ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့်
ယင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ရဲစခန်း အချုပ်ခန်းအမှတ် (၃) ခန်းတွင် သစ်သားဖြတ်သံ ကြားရသဖြင့်
တာဝန်ကျကင်းမှ ကြည့်ရှု့ စစ်ဆေးရာ အချုပ်တံခါးသစ်တန်းသားများကို ဖျက်ဆီးကာ
ဘူးဝ တံခါး (အချုပ်ခန်း အပြင်တံခါး) သို့ ရောက်ရှိနေပြီဖြစ်၍
ဝိုင်းဝန်းတာဆီးခဲ့သော်လည်း လိုက်နာခြင်းမရှိသည့်အတွက် သေနတ် ၅ချက်
အပေါ်ထောင်ဖောက်ကာ

ချောက်လှန်ရာတွင် အချုပ်သားများက စောင်၊
အ၀တ်အစားတို့ကို မီးရှို့သည်အတွက် သေနတ် ၅ချက် ပစ်ခတ်သောလည်း
ငြိမ်သက်မှုမရှိသောကြောင့် ၇ချက် ဆက်လက်ပစ်ခတ်ခဲ့သည်ဟု ရဲစခန်းက
ပြောဆိုထားကြောင်း မိုးညှင်းမြို့ခံများက The Voice Weekly သို့ ပြောကြားသည်။

မိုးညှင်းမြို့နယ် ရဲစခန်းတွင် ကျားအချုပ်ခန်း ၄ခန်း နှင့် မ အချုပ်ခန်း
၁ခန်းရှိပြီး အမျိုးသားတရားခံ ၁၁၅ ဦး၊ အမျိုးသမီး တရားခံ ၃၀ ဦး ရှိပြီး
ပစ်ခတ်ထိန်းသိမ်းခဲ့သည့်ဆိုသော အချုပ်ခန်းအမှတ် ၃ တွင် အချုပ်သား ၇၀ ဦး
ရှိသည်။

အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ ဒဏ်ရာ ရရှိသူ အချုပ်သားတစ်ဦး၏
မိသားစုဝင်ကို ဆက်သွယ်မေးမြန်ရာ “အချုပ်ခန်းကို ဖြတ်ကြတာတော့ဟုတ်ပါတယ်။
ဘူးဝကို မရောက်သေး ပါဘူး။ သေနတ်ထောင်ပစ်တယ်။ပြီးတော့ ၀ပ်ဆိုပြီး
ကျည်ဆန်ကို ကပ်လိုက်ဆွဲ(ပစ်)သွားတာလို့ ပြောတယ်” ဒဏ်ရာရသူအချုပ်သား၏
ပြောဆိုချက်ကို ကိုးကားကာ ပြောဆိုသည်။

ရဲတပ်ဖွဲ့ဝင်များက အချုပ်ခန်းတွင်းသို့ သေနတ်ဖြင့်
ပစ်ခတ်ထိန်းသိမ်းမှုကြောင့် မူးယစ်ဆေးဝါမှုဖြင့် ဖမ်းဆီးထားသော အချုပ်သား
အောင်မြင့်သန်း (၃၇နှစ်) နှင့် လက်နက်မှုအချုပ်သား မောင်ဇော် (၃၅
)နှစ်တို့မှာ သေဆုံးခဲ့ပြီး ၁၀ဦးမှာ မိုးညှင်းမြို့
ပြည်သူ့ဆေးရုံးကြီးတွင် အရေးပေါ်ကုသနေကြောင် ၀န်း ထမ်းအရာရှိတစ်ဦးက
ပြောကြားသည်။

မိုးညှင်းမြို့ဒေသခံတစ်ဦးကမူ “ သေတဲ့တစ်ယောက်ကတော့ နဖူးမှာ မှန်ပြီး
နောက်စေ့ပွင့်(ပေါက်)ထွက်သွားတယ်။ နောက်တစ်ယောက်က လည်ပင်မှာ မှန်တယ်။ခု
ဆေးရုံမှာ နောက်တစ်ယောက်လည်း အခြေနေမကောင်းဘူး”ဟု ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မိုးညှင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး
အောင်မြင့်နိုင်မှ ဦးစီးကာ စုံစမ်းစစ်နေသည်။

 The Voice Weekly

0 comments:

Post a Comment