Subscribe:
Welcome To International Political Media Groups(IPMG)

Pages

Friday, April 20, 2012

သီရိလင်္ကာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာရှဖွံ့ဖြိုး ရေးဘဏ်မှ ထောက်ပံ့ကူညီမည်

သီရိလင်္ကာနိုင်ငံအတွင်း ပြည်တွင်းစစ်ပွဲပြီးတဲ့နောက်ပိုင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အာရှ ဖွံ့ဖြိုးရေးဘဏ်က ချီးကျူးပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင်
၂၀၁၃ ခုနှစ် အတွင်းမှာ သီရိလင်္ကာနိုင်ငံရဲ့   စီးပွားရေးဟာ တည်တည် ငြိမ်ငြိမ်နဲ့ ဖွံ့ဖြိုး တိုးတက် လာမှာ ဖြစ်ကြောင်း အာရှဖွံ့ ဖြိုးရေးဘဏ်က ခန့်မှန်းထားပါတယ်။ သီရိလင်္ကာ အစိုးရရဲ့ ဘဏ္ဍာရေး မူဝါဒတွေ ကလည်း နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုကို ၈ ရာခိုင်နှုန်းကျော် အထိ အလွယ် တကူ တိုးတက် လာစေနိုင်မှာ ဖြစ်ကြောင်း အာရှ ဖွံ့ဖြိုးရေးဘဏ်ရဲ့  ညွှန်ကြားရေး မှူး ရီတာ အိုဆူလဗန်
ကပြောကြားခဲ့ပါတယ်။

ဟောင်ကောင် အခြေစိုက် အာရှဖွံ့ဖြိုးရေး ဘဏ်ရဲ့ ၂၀၁၂ ခုနှစ် အတွက် ဒေသ တွင်းနိုင်ငံတွေရဲ့ စီးပွားရေး အခြေအနေ ခန့်မှန်းချက်မှာ လည်း သီရိလင်္ကာနိုင်ငံဟာ ပြည်တွင်းပြည်ပ က ရင်းနှီးမြုပ်နှံ သူတွေ အတွက် နေရာကောင်း တစ်ခုဖြစ်ကြောင်း ဖော်ပြထားသလို နိုင်ငံရဲ့ အသုံးစရိတ် လိုငွေပြမှုကို လည်း ပြည်တွင်း အသား တင် ကုန်ထုတ်လုပ်မှုရဲ့ ၆.၉ ရာခိုင်နှုန်း အထိ လျှော့ချနိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် အာရှဖွံ့ဖြိုးရေး ဘဏ်ဟာ သီရိလင်္ကာ နိုင်ငံကို ၂၀၂၀ ခုနှစ်မတိုင် ခင်မှာ ကဏ္ဍသုံးခု အတွက် ဖွံ့ဖြိုးရေး စီမံကိန်းတွေ ကိုလည်း ထောက်ပံ့ ကူညီ သွားမယ်လို့ သိရပါတယ်။ အဲဒီ ကဏ္ဍသုံး ခုကတော့ ပြည်နယ် တစ်ခုစီရဲ့ အခြေခံ အဆောက် အအုံ ဖွံ့ဖြိုးရေး၊ ရေအရင်း အမြစ်နဲ့ ရေဆိုး ထုတ်စနစ်ဖွံ့ဖြိုးရေးနဲ့ မြို့ပြဖွံ့ဖြိုးရေး တို့ဖြစ်ကြပြီး နိုင်ငံအတွင်း စနစ်တကျနဲ့လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်လာဖို့ကိုလည်း ပံ့ပိုးပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
Ref;MRTV-4


0 comments:

Post a Comment