ရန်ကုန် အသင်း အုပ်ချုပ်သူ ဦးအောင်ကျော်လွင်က ထိုင်း ကလပ် ချောင်ဘူရီ အသင်းနှင့် ရင်ဆိုင်မည့် ပွဲစဉ်တွင် ဘုရင့်နောင် စိတ်ဓါတ်ဖြင့် အကောင်းဆုံး ရင်ဆိုင် သွားမည်ဟု ကြုံးဝါးသည်။
ဦးအောင်ကျော်လွင်က ချောင်ဘူရီနှင့် ပွဲတွင် ရန်ကုန် အသင်း အနေဖြင့် အနိုင်မှ တစ်ပါး အခြား ရလဒ်များကို မျှော်လင့် မထားကြောင်း၊ ထိုင်းမြေတွင် မြန်မာ နိုင်ငံ ကိုယ်စားပြု ကလပ် အသင်း တစ်သင်း အနေဖြင့် အကောင်းဆုံး လုပ်ပြ နိုင်မည်ဟု ယုံကြည်ကြောင်း၊ ချောင်ဘူရီ နည်းပြ၏ ပြောစကား များသည် ၎င်းတို့၏ အဆင့်အတန်းနှင့် ရပ်တည်မှုကို တိုက်ရိုက် ဖော်ပြရာ ရောက်သည်ဟု ယုံကြည်ကြောင်း ပြောသည်။
ချောင်ဘူရီ နည်းပြချုပ် ၀ီသာရ လာဟူကူက ရန်ကုန်မြေတွင် ကစားခဲ့သည့် ရန်ကုန် (၁-၁) ချောင်ဘူရီ
ပွဲအပြီးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ထိုင်းမြေတွင် ကစားရမည့် ဒုတိယ အကျော့တွင် ပြိုင်ဘက် ရန်ကုန် အသင်းကို အနည်းဆုံး (၅)ဂိုးပြတ် မနိုင်ပါက အသင်း ကစားသမားများကို ထုတ်ပယ်သွားမည့် အပြင် ၎င်း ကိုယ်တိုင်ပါ ရာထူးမှ နုတ်ထွက်မည်ဟု ဆိုခဲ့သည်။ဦးအောင်ကျော်လွင်က ချောင်ဘူရီနှင့် ပွဲတွင် ရန်ကုန် အသင်း အနေဖြင့် အနိုင်မှ တစ်ပါး အခြား ရလဒ်များကို မျှော်လင့် မထားကြောင်း၊ ထိုင်းမြေတွင် မြန်မာ နိုင်ငံ ကိုယ်စားပြု ကလပ် အသင်း တစ်သင်း အနေဖြင့် အကောင်းဆုံး လုပ်ပြ နိုင်မည်ဟု ယုံကြည်ကြောင်း၊ ချောင်ဘူရီ နည်းပြ၏ ပြောစကား များသည် ၎င်းတို့၏ အဆင့်အတန်းနှင့် ရပ်တည်မှုကို တိုက်ရိုက် ဖော်ပြရာ ရောက်သည်ဟု ယုံကြည်ကြောင်း ပြောသည်။
ချောင်ဘူရီ နည်းပြချုပ် ၀ီသာရ လာဟူကူက ရန်ကုန်မြေတွင် ကစားခဲ့သည့် ရန်ကုန် (၁-၁) ချောင်ဘူရီ
“AFC Cup ပြိုင်ပွဲကို ၀င်ပြိုင်ခွင့် ရပြီ ဆိုကတည်းက အသင်း တစ်သင်းနဲ့ တစ်သင်းကြားမှာ ခြေစွမ်း ကွာဟမှု ကျဉ်းမယ်ဆိုတာ သိပြီးသားပါ။ ချောင်ဘူရီနဲ့ ကျွန်တော်တို့က ခြေစွမ်း အရမ်းကွာတဲ့ အသင်းတွေ မဟုတ်ပါဘူး၊ မတိမ်းမယိမ်း ပါပဲ။ ဒါကို သူတို့ နည်းပြက ဂိုးပြတ် အနိုင်ရအောင် ကစားပြမယ်လို့ ပြောခဲ့တာဟာ ကျွန်တော်တို့ကို အထင်သေး လွန်းတယ်လို့ ခံစားရပါတယ်။ ထိုင်းမြေမှာ မြန်မာတွေ ဘယ်လောက် လုပ်ပြ နိုင်တယ် ဆိုတာ သက်သေ ပြဖို့ မစောင့် နိုင်တော့ပါဘူး။ ဘုရင့်နောင် မင်းတရားကြီးထုံး နှလုံးမှုပြီး သူတို့ကို မြန်မာ အကြောင်းပြဖို့ အဆင်သင့် ဖြစ်နေပါပြီ။ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ကစားပြဖို့ အသင့် ဖြစ်နေပါပြီ” ဟု ဦးအောင်ကျော်လွင်က ဆိုသည်။
ဆက်လက်၍ ဦးအောင်ကျော်လွင်က “မြန်မာ (ဗမာ) ဆိုတာ ဘယ်လို လူမျိုး ဖြစ်တယ်ဆိုတဲ့ အကြောင်း ဟိုးအရင် ကတည်းက သူတို့ သိပြီးသားပါ။ မရဲဘဲ ကျွဲပြဲစီး ဆိုသလိုမျိုး လာလုပ် ခဲ့တာကြောင့် နဂါးမှန်း သိအောင် လုပ်ပြလိုစိတ် ဖြစ်လာခဲ့ ပါတယ်။ သူတို့ကို ကျွန်တော် ပြောချင်တာက သူတို့ ပြောတဲ့ စကားအတိုင်း တည်ပါစေ၊ မဖြစ်ခဲ့ရင်တော့ သူတို့ အသင်း တစ်သင်းရဲ့ ဂုဏ်သိက္ခာတင် မဟုတ်ဘူး၊ သူတို့ လူမျိုးရဲ့ ဂုဏ်သိက္ခာပါ ညိုးနွမ်းသွားမယ် ဆိုတာ ပြောချင်ပါတယ်” ဟု ပြောကြားသည်။
ထိုပွဲနှင့် ပတ်သက်၍ ရန်ကုန် အသင်း ခေါင်းဆောင် ခင်မောင်လွင် ကလည်း ဦးအောင်ကျော်လွင် နည်းတူ အနိုင် ကစားမည်ဟု စိတ်ပိုင်း ဖြတ်ထားပြီး ချောင်ဘူရီ နည်းပြ ပြောသကဲ့သို့ ဂိုးပြတ် အရေးနိမ့်ခဲ့ ပါက ဘောလုံး လောကမှ အပြီး အပိုင် အနားယူ သွားမည်ဟု ကတိ ပြုထားသည်။
လက်ရှိ အချိန်တွင် AFC Cup အုပ်စု (G) တွင် ၄ ပွဲ ကစားပြီးချိန်၌ ချောင်ဘူရီက (၈)မှတ်ဖြင့် အုပ်စု ပထမနေရာ ရနေပြီး၊ ရန်ကုန်က (၂)မှတ်ဖြင့် စတုတ္ထ နေရာတွင် ရပ်တည်လျက် ရှိသည်။ ယခုပွဲတွင် ချောင်ဘူရီ အနေဖြင့် တစ်မှတ် ရရုံနှင့် နောက်ဆုံး (၁၆)သင်း အဆင့်သို့ ရောက်မည် ဖြစ်ပြီး ရန်ကုန်ကမှု ယခုပွဲကို အနိုင်ရမှ နောက်တစ်ဆင့် တက်ခွင့်ကို မျှော်လင့်နိုင် ဦးမည် ဖြစ်သည်။
ပထမ အကျော့ အဖြစ် ရန်ကုန်မြေတွင် မတ်လ (၇)ရက်နေ့က ကစားခဲ့ပြီး ရန်ကုန် အသင်း၏ ဆားဘီးယား တိုက်စစ်မှူး မီလန်က ၄၁ မိနစ်တွင် ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး ချောင်ဘူရီ အတွက် ချေပဂိုးကိုမှု လူစားဝင် တိုက်စစ်မှူး ဆူရီက နာကျင် အချိန်ပိုတွင် သွင်းယူပြီး (၁-၁) သရေ ကျခဲ့သည်။
ဒုတိယ အကျော့ကို လာမည့် ဧပြီ ၂၄ ရက်နေ့တွင် ထိုင်းနိုင်ငံ ချောင်ဘူရီ ဒေသရှိ ဘီရှန်း ဘောလုံးကွင်းတွင် ဒေသ စံတော်ချိန် (၇း၀၀)၊ (မြန်မာ စံတော်ချိန် ညနေ ၆း၃၀) နာရီ၌ ကျင်းပမည် ဖြစ်သည်။
ချောင်ဘူရီ ခရီးစဉ်၌ ကစားသမား (၁၈)ဦး အပါအ၀င် ရန်ကုန် ယူနိုက်တက် အသင်းသားပေါင်း (၃၃)ဦး သွားရောက်မည် ဖြစ်ပြီး ဒဏ်ရာ ရနေသည့် ဂိုးသမား စောအယ်ထူးနှင့် အလယ်တန်းလူ မျိုးမင်းထွန်းတို့ကို ချန်လှပ်ကာ လူငယ် ဂိုးသမား တေဇာအောင် ပါဝင်မည် ဖြစ်သည်။ အားထားရသည့် အလယ်တန်းလူ ရာဇာဝင်းသိန်းမှာ ဟုမ်း ယူနိုက်တက်နှင့် ကစားခဲ့သည့် ၂ ပွဲတွင် အ၀ါကဒ် ၂ ကဒ် ပြသခံခဲ့ ရသောကြောင့် ယခုပွဲကို လွဲမည် ဖြစ်ပြီး တိုက်စစ်မှူး ကောင်းစည်သူမှာလည်း ကိုရီးယား နိုင်ငံသို့ ခြေစမ်း ခရီး သွားရောက်နေသည့် မြန်မာ ယူ-၂၂ အသင်းနှင့် ပါဝင် သွားသောကြောင့် လိုက်ပါ နိုင်မည် မဟုတ်ပေ။
လိုက်ပါ ကစားမည့် ကစားသမားများမှာ အောက်ပါ အတိုင်း ဖြစ်သည်။
ဂိုး - နိုင်ဇေယျာထွန်း၊ တေဇာအောာင်
နောက် - ကျော်ဒွန်း၊ ရန်အောင်ဝင်း၊ မျိုးဝင်းထွဋ်၊ ပြည့်ဖြိုးအောင်၊ ခင်မောင်လွင်၊ နီကိုလာ၊ အောင်သိုက်
လယ် - စည်သူအောင်၊ ရန်အောင်ကျော်၊ ဒေးဗစ်ထန်း၊ ကြည်လင်း၊ မလာဒန်၊ ရန်နိုင်အောင်၊ ဇင်မင်းဦး
ရှေ့ - နိုင်ဦးလွင်၊ မီလန်
Ref;YUFC



0 comments:
Post a Comment