Subscribe:
Welcome To International Political Media Groups(IPMG)

Pages

Wednesday, April 4, 2012

ပိတ်ဆို့မှု ရုတ်သိမ်းရေး အနှေး အမြန် အီးယူ သဘောကွဲ




မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့အရေးယူထားတာတွေ အားလုံးကို ပြန်လည် ရုတ်သိမ်းဖို့ အနောက်နိုင်ငံတွေကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက တောင်းဆိုခဲ့ကြပါတယ်။

ဥရောပသမဂ္ဂ အီးယူ ကလည်း မြန်မာအပေါ် ပိတ်ဆို့မှုတွေ ပြန်ရုပ်ဖို့ ဟန်ပြင်နေပြီဆိုပေမဲ့ ဘယ်လောက်မြန်မြန် ပြန်ရုပ်မလဲဆိုတဲ့အပါ် အဖွဲ့ဝင်နိုင်ငံတွေ သဘောထားကွဲပြားနေကြပါတယ်။

နိုင်ငံတချို့က အမြန်ပြန်ရုပ်ချင်ကြသလို၊ တချို့နိုင်ငံတွေက တစ်ဆင့်ချင်း ဖြည်းဖြည်း နဲ့ မှန်မှန်သာ ပြန်ရုပ်လိုတဲ့ ဆန္ဒ ရှိနေကြပါတယ်။

ဗြိတိန်နဲ့ ဆွီဒင်၊နော်ဝေ၊ ဖင်လန် စတဲ့နိုင်ငံတွေက ပိတ်ဆို့မှုကို တစ်ဆင့်ချင်း ဆုတ်သွားချင်ကြပြီး၊ လက်နက်အရောင်းအ၀ယ် ပိတ်ဆို့မှု နဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှု တွေ မှာတာဝန်ရှိသူ လူပုဂ္ဂိုလ်တွေအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ဆက်လက် ထားရှိချင်ကြပါတယ်။

0 comments:

Post a Comment