iPay Card ကတ် အသုံးပြုနေစဉ်
အဓိပတိ အပြာယာဉ်လိုင်း၌ ထိုစနစ်အား အသုံးပြုရာတွင် ခရီးသည်တင်ယာဉ် ၁၀စီးဖြင့် စတင် အသုံးပြုခြင်းဖြစ်ပြီး ယခုလက်ရှိ၌ ငွေပေးချေရသည့် iPay Card တစ်ကတ်လျှင် ကျပ်တစ်ထောင်နှုန်းဖြင့် ရောင်းချ ပေးလျက် ရှိကာ ယင်းကတ်၌ ကတ်တန်ဖိုးကျပ်သုံးရာနှင့် ယာဉ်စီးခကျပ် ခုနစ်ရာပါဝင်ကြောင်း သိရသည်။ ထို့အပြင်အဆိုပါ iPay Card အား စတင် အသုံးပြုသည့်နေ့၌
ယင်းယာဉ်လိုင်း ကားပေါ်များတွင် ယင်းကတ်အား ဖြန့်ဝေ ထုတ်လုပ်သည့် KISPA NADI EXPRESS LTD ရှိ ၀န်ထမ်းများက iPay Card အသုံးပြုမှုများ နှင့် ပတ်သက်၍ ခရီးသည်များကို လိုက်လံရှင်းပြပေးကြောင်း သိရှိရပါသည်။
“ဒီစနစ်ကို စတင်အသုံးပြုတဲ့ နေ့မှာတော့ နေ့စဉ်ရုံးသွား၊ ရုံးပြန် ချိန်မှာ အဓိပတိ အပြာယာဉ်လိုင်းကို ပုံမှန်စီးကြမယ့် ရုံးဝန်ထမ်းတွေ iPay Card ကို ၀ယ်ယူ အသုံးပြုတာများပြီး တခြားသူတွေထဲမှာတော့ ဒီကတ် အသုံးပြုတာနဲ့ ပတ်သက်ပြီး နားလည် သဘောပေါက်တဲ့သူတွေ ၀ယ်ယူကြတာများတယ်။ အဓိပတိ အပြာယာဉ်လိုင်းက အထူးယာဉ်လိုင်း ဖြစ်တဲ့အတွက် iPay Card နဲ့ယာဉ်စီးခ ပေးချေတဲ့အခါမှာ စက်နဲ့တစ်ခါ ဖြတ်ရင် အဲဒီကတ်ထဲကနေ ကျပ်နှစ်ရာလျော့ သွားမှာပါ။ ကတ်ထဲမှာ ကြိုတင် ထည့်ထားတဲ့ ငွေပမာဏ ကုန်သွားရင်တော့ iPay Station တွေမှာ ငွေထပ် ဖြည့်သွင်းပြီး ဆက်သုံးနိုင်ပါတယ်။ အဲဒီအခါ iPay ကတ်ဖိုး ၃၀၀ ကို ထပ်ပေးဖို့မလိုပါဘူး”ဟု အဓိပတိ အပြာယာဉ်လိုင်းမှ တာဝန်ရှိသူကဆိုသည်။
ထို့ကြောင့် ယခုလက်ရှိတွင် အဆိုပါ iPay Card အား ပါရမီ- စံပြဈေး- တာမွေအ၀ိုင်း- မင်္ဂလာဈေး -ပုဇွန်တောင်ဈေး-ဆူးလေ-ဘုရင့်နောင်ဈေး- အင်းစိန်- စော်ဘွားကြီးကုန်း- ရှစ်မိုင်-ပါရမီ ပြေးဆွဲသည့် အဓိပတိ ယာဉ်လိုင်းတွင် စတင်အသုံးပြုနေပြီဖြစ်ပြီး အသုံးပြုမှု အဆင်ပြေလာပါက အဓိပတိ (အပြာ၊ အနီ၊ အဖြူ၊ အ၀ါ) ယာဉ်လိုင်းနှင့် မထသ ယာဉ်လိုင်းများတွင် အသုံးပြုမည်ဟု သိရသည်။
Ref;EMG



0 comments:
Post a Comment