Subscribe:
Welcome To International Political Media Groups(IPMG)

Pages

Sunday, April 1, 2012

အခု သိရသမျှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေရာ ၄၀ ကျော်မှာ အနိုင်ရရှိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့ညနေ နောက်ဆုံးမဲရေတွက်မှုတွေအရ ကော့မှုးမြို့နယ် မဲဆန္ဒနယ်မြေကနေ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
သတင်းထုတ်ပြန်ကြေငြာလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်က ကိုယ်စားလှယ် မဖြူဖြူသင်း အပါအ၀င် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၀င်ရောက်ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ်မြေ ၆ နေရာစလုံးလည်း အနိုင်ရရှိပါတယ်။

အစိုးရရုံးစိုက်ရာ နေပြည်တော်က လစ်လပ်နေရာ ၄ နေရာ

အတွက် ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ဦးဇေယျာသော်၊ ဦးနိုင်ငံလင်း၊ ဒေါ်စန္ဒာမင်း နဲ့ ဦးမင်းသူ တို့ လေးဦးစလုံးလည်း အနိုင်ရရှိခဲ့ပါတယ်။

ဒါ့အပြင် မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်က ၀င်ရောက်ယှဉ်ပြိုင်တဲ့ အန်အယ်ဒီ ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဦးအုန်းကြိုင် နဲ့ မိထ္ထိလာ နယ်မြေက ဦးဝင်းထိန်တို့လည်း အနိုင်ရရှိကြကြောင်း သတင်းရရှိပါတယ်။
အခု သိရသမျှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေရာ ၄၀ ကျော်မှာ အနိုင်ရရှိ ထားပါတယ်။

ဒီကနေ့ ရွေးကောက်ပွဲမှာ မဲစာရင်းလွဲချော်မှုတွေကြောင့် ထောင်နဲ့၊ သောင်းနဲ့ချီတဲ့ နိုင်ငံသားတွေ မဲပေးခွင့် ဆုံးရှုံးခဲ့ရသလို၊ ရွေးကောက်ပွဲကော်မရှင်က ပြဌာန်းထားတဲ့ စည်းမျဉ်းဥပဒေတွေကို ချိုးဖေါက်ခဲ့တဲ့ နိုင်ငံရေး ပါတီတွေနဲ့ ကိုယ်စားလှယ်တွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။ မဲမသမာမှု အနေနဲ့ကတော့ မဲစာရွက်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နေရာမှာ ရေးချစ်လို့ မရအောင် ဖယောင်းတွေ သုတ်ထားတယ်ဆိုတဲ့ ထူးခြားတဲ့ ပြဿနာတစ်ရပ် ပေါ်ပေါက်ခဲ့ပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး NLD ပါတီက သက်ဆိုင်ရာကို တိုင်ကြားစာ ပို့ထားပြီ ဖြစ်ပါတယ်။

ဒီကနေ့ မဲရေအတွက်မှုတွေ နဲ့ အနိုင်ရရှိသူစာရင်းတွေ မပြီးဆုံးသေးလို့ ရွေးကောက်ပွဲကော်မရှင်ကတော့ တရားဝင် အတည်ပြုထုတ်ပြန်ရခြင်း မရှိသေးပါဘူး။

0 comments:

Post a Comment