Subscribe:
Welcome To International Political Media Groups(IPMG)

Pages

Sunday, April 1, 2012

နေပြည်တော် ပုဗ္ဗသီရီမြို့နယ် ညောင်လူးမဲရုံမှာ ဖယောင်းသုတ်ထားတဲ့ မဲစာရွက်တွေ့

နေပြည်တော် သီရိ ၄ မြို့နယ်ထဲက အဆိုတော် ဇေယျာသော် NLD ကို ကိုယ်စားပြုဝင်ပြိုင်တဲ့ ပုဗ္ဗသီရိမြို့နယ်က ညောင်လူးကျေးရွာမဲရုံမှာ NLD အကွက်ကို ဖယောင်းသုတ်ထားတဲ့ မဲစာရွက်တွေ ရာနဲ့ချီတွေခဲ့ရတယ်လို့ ပျဉ်းမနားခရိုင် အောင်နိုင်ရေးအဖွဲ့ဝင် ဦးမျိုးတေဇာမောင်က ပြောပါတယ်။

"ပုဗ္ဗသီရိမြို့နယ် ညောင်လူးကျေးရွာမဲရုံမှာ ဖယောင်သုတ်ထားတဲ့မဲလက်မှတ်တွေတွေ့ရပါတယ်။ မဲလက်မှတ်က ရာနဲ့ချီနေတယ်။ NLD မဲပေးမယ့်အကွက်တွေမှာဘဲသုတ်ထားတ
... တခြားအကွက်တွေမှာတော့ မရှိဘူး "

ပုဗ္ဗသီရိမြို့နယ်မှာ မနက်ဘက် မဲရုံဖွင့်ချိန်ကတည်းက မဲလာပေးသူတွေအများအပြားရှိတယ်လို့လည်း ဦးမျိုးတေဇာမောင်က ပြောပါတယ်။ ပုဗ္ဗသီရိမြို့နယ်မှာ မဲဆန္ဒရှင် ခြောက်သောင်း၊ ရှစ်ထောင်ကျော်ရှိပြီး ကျေးရွာအသီးသီးကနေ ကြိုတင်မဲ ရှစ်ရာကျော်ကောက်ခံထားပြီးဖြစ်ပါတယ်။

ပုဗ္ဗသီရိမြို့နယ်မှာ သတင်းထောက်တွေကို မဲရုံနဲ့ မလှမ်းမကမ်းလောက်ကသာ သတင်းယူခွင့်ပြုတယ်လို့ ဦးမျိုးတေဇာမောင်က ပြောပါတယ်။

"ပုဗ္ဗသီရိထဲမှာတော့ မီဒီယာကို မဲရုံထဲဝင်ခွင့်မရဘူး။ မဲရုံအပြင်ကဘဲ ဓာတ်ပုံရိုက်လို့ရတယ် ... ဓာတ်ပုံတောင် ခပ်လှမ်းလှမ်းကဘဲ ရိုက်လို့ရတယ်။ ပုဗ္ဗသီရိက မီဒီယာဝင်ရတာ တော်တော်ကြပ်တယ်။"

0 comments:

Post a Comment