skip to main |
skip to sidebar
ရွေးကောက်ပွဲပြီးနောက် တနိုင်ငံလုံး လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပျက်နေ
လတ်တလော လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပျက်နေတာဟာ ရန်ကုန်တင်မက
အခြားမြို့ကြီးတွေနဲ့ တစ်နိုင်ငံလုံးမှာ ပျက်နေတာဖြစ်ကြောင်း
စုံစမ်းသိရပါတယ်။ မန္တလေးမြို့မှာဆိုရင် ပြည်သူတွေ မီးမရလို့ မီးစက်၊
အင်ဗာတာ၊ ဖယောင်းတိုင် အသုံးပြုနေရသလို ဆေးရုံလို သတင်းစာတိုက်လို
နေရာတွေကလည်း မီးပျက်နေလို့ အခက်တွေ့ နေကြကြောင်း ပြောပြပါတယ်။
လာမယ်လို့ပြောထားတဲ့အချိန်တွေမှာလည်း ၁၅ မိနစ်တစ်ကြိမ်လောက် ပျက်နေတယ်လို့
ဆိုပါတယ်။ မွန်ပြည်နယ် မော်လမြိုင်မှာဆိုရင်လည်း လျှပ်စစ်မီး
ဆိုးဆိုးရွားရွား ပျက်နေတဲ့အပြင် မီးလာတဲ့အချိန်မှာလည်း မီးအားအနည်းငယ်ပဲ
ရှိလို့ အလင်းရောင်တောင် လုံလောက်အောင်မရဘူးလို့ သိရပါတယ်။
အဆိုပါ
မြို့ကြီးတွေဟာ ၂၀၁၀ နှစ်လည်ကစ ၂၀၁၁ တစ်နှစ်လုံး လျှပ်စစ်မီး မှန်မှန်ရပြီး
အခုမှ ဆိုးဆိုးရွားရွား ပျက်တာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း
လျှပ်စစ်ပေးရေးရုံးကတော့ ဂက်စ် မရလို့ ဂက်စ်တာဘိုင်တွေ မလည်နိုင်တာကြောင့်
ခုလို လျှပ်စစ်မီး မရတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
DVB
0 comments:
Post a Comment