|
၂၁ရက်
၃လ ၂၀၁၂ ရက်နေ့တွင် လှိုင်သာယာရဲစခန်းမှ ဒုရဲအုပ် ကိုကိုဇော်က ရှမ်းမလေး
(၂၀)နှစ် နန်းဝိုးဖန်၏ လှိုင်သာယာရဲစခန်းတွင် တရားလိုအဖြစ်အမှုဖွင့်တိုင်ကြားထားသည့်
ပုဒ်မ ၄၀၆ အမှုမှ တရားခံ ကိုကိုထွေးအား တရားစွဲတင်ပို့ရမည်ဟု
ရန်ကုန်တိုင်းရဲမှူးကြီး မှပြောသဖြင့် (စစစ)မှ မဖြစ်မနေ
သွားရောက်အစစ်ခံမှသာ အမှုအား တရားစွဲပေးမည်ဟုပြောသဖြင့် ရှမ်းမလေး
နန်းဝိုးဖန်နှင့် မအိအိအောင် တို့(၂)ဦးသည် ၂၁.၃.၂၀၁၂ ရက်နေ့ ညနေ (၃)နာရီ
မှာ သွားရောက်စစ်ဆေးခံရာ (စစစ)အဖွဲ့ကြီး၏ တရားလိုဖြစ်သူ မနန်ဝိုးဖန်အား
တရားခံကိုကို၏ တိုင်ကြားချက်အပေါ် တရားခံသဖွယ် ၂၄.၃ ၂၀၁၂ ရက်နေ့အထိ
မြန်မာစကားကျွမ်းကျင်စွာ တတ်မြောက်ခြင်းမရှိသည့်အပေါ် ရက်စက်စွာ နေ့/ည
မနား စစ်ဆေးကြသဖြင့် ၂၄.၃.၂၀၁၂ နံနက်(၀၅း၀၀) အချိန် ရှမ်းမလေးန်းဝိုးဖန်မှ
ထွက်ပေါက်မရှိ ငယ်ရွယ်သူတစ်ဦးအနေဖြင့် ခံနိုင်ရည်မရှိ၍ မိမိအသက်အား
အရမ်းကြောက်တတ်တဲ့ရှမ်းမလေးဟာ (စစစ)ဆိပ်ကမ်းသာလမ်း ရုံးဟောင်းကြီး၏ (၅)
လွှာမှ အစိမ်းရောင်ဝမ်းဆက်လေးနဲ့ လောကကြီးကို၊ (စစစ)အဖွဲ့ကြီး၊
ရဲတိုင်းမှူးကြီးနှင့် တရားခံကိုကိုတို့ပျော်ရွှင်အောင် ရုပ်ပျက်ဆင်းပျက် နှုတ်ဆက်စတေး ပေးခဲ့သည့် ဖြစ်စဉ်လေးအား ရှမ်းလူမျိုးများနှင့် ရှမ်းဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် မြန်မာနိုင်ငံသမ္မတကြီး ဦးသိန်းစိန်နှင့် မြန်မာပြည်သူများ၊ အမေကြီးဒေါ်အောင်ဆန်းစုကြည်တို့ သိရှိခံစားပေးနိုင်ရန် ၀မ်းနည်းစွာဖြင့် ရင်မှာမချိစွာတင်ပြလိုက်ရပါသည်။
|
0 comments:
Post a Comment