Subscribe:
Welcome To International Political Media Groups(IPMG)

Pages

Friday, March 30, 2012

NLD မဲဆွယ်စည်းရုံးပွဲကို သွားရောက်နေတဲ့ စစ်ကိုင်းတိုင်း ဝင်းကုန်းရွာ ရွာလုံးကျွတ် မီးလောင်မှုဖြစ်ပွား

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဝင်းကုန်းရွာမှာ မတ်လ ၂၉ ရက်နေ့ ညနေပိုင်းက ရွာလုံးကျွတ် မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ လူမင်း၊ ထွန်းအိန္ဒြာဗိုလ်၊ ရဲတိုက်၊ ဝိုင်း၊ ချစ်သုဝေ၊ လင်းလင်း၊ မာရဇ္ဇ စတဲ့ အနုပညာရှင်တွေက မဲပညာပေး စည်းရုံးရေးခရီးစဉ်နဲ့ ဖျော်ဖြေရေး ခရီးစဉ်အဖြစ် စစ်ကိုင်းတိုင်းကို လာရောက်ဖျော်ဖြေနေချိန်မှာ တရွာလုံး သွားရောက် အားပေးနေစဉ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 မီးလောင်ကျွမ်းခံခဲ့ရတဲ့ အဲ့ဒီရွာဟာ အိမ်ခြေ ၃၀၀ ကျော် လူဦးရေ ၁၀၀၀ ကျော် ရှိတယ်လို့ သိရပြီး တရွာလုံးနီးပါး မီးလောင်သွားတယ်လို့ သတင်းရရှိပါတယ်။  စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဝင်းကုန်းရွာဟာ အလောင်းတော်ကဿပ တောင်ခြေမှာ ရှိပြီးတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အပြင် သောက်ရေသုံးရေ အလွန် ရှားပါးတယ်လို့ သိရပါတယ်။

 ပုလဲမြို့က မီးသတ်ကားတွေ လာရောက် ငြှိမ်းသတ်ခဲ့ပေမဲ့ မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ဖို့ အခက်အခဲတွေ အများအပြား ကြုံတွေ့ခဲ့ရပြီး တရွာလုံးနီးပါး လောင်ကျွမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဘယ်ကနေ စတင် လောင်ကျွမ်းတယ် ဆိုတာကိုတော့ စုံစမ်းဆဲဖြစ်ပြီး မီးဘေးသင့်ပြည်သူတွေ အတွက် အကူအညီတွေ လိုအပ်တယ်လို့ သိရှိရပါတယ်။

  Ref;BurmaVJ Media Network

0 comments:

Post a Comment