Subscribe:
Welcome To International Political Media Groups(IPMG)

Pages

Saturday, March 31, 2012

ကော့မှူးမြို့နယ် တွင် မဲစာရင်းမပါသူတဦး တကိုယ်တော်ဆန္ဒပြ



မတ်လ ၃၁ ရက်၊ ၂၀၁၂ ခုနှစ်၊ ကျော်စိုးလင်း (YPI)

ကော့မှူးမြို့နယ် သဲကုန်းရပ်ကွက် လက်ခိုက်ကျေးရွာမှ ဦးစိန်အောင်မင်းနှင့် ဇနီးတို့ကို မဲစာရင်းလာကောက်ယူခဲ့သော်လည်း ပထမအကြိမ် မဲစာရင်းနှင့် နောက်တိုးမဲစာရင်းများတွင် မပါဝင်ခဲ့သည်ကို ၂၈ ရက်နေ့တွင် သိရှိရသဖြင့် အပိုင်လူကြီးအား သွားရောက်တင်ပြရာ မည်သို့မျှ မတတ်နိုင်ကြောင်း ဖြေခဲ့သည်ဟု ဆိုသည်။

ထို့သို့ မဲပေးရန် အခွင့်အရေး မရသည့်အဖြစ်ကို ဦးစိန်အောင်မင်းက လည်ပင်းတွင် “အသည်းကြားက မဲတပြားကို အမေစုကိုပေးချင်ပေမယ့် ပေးမရဘူး” ဆိုသည့်စာတမ်းကပ်ကာ လမ်းလျှောက်ကာ ဆန္ဒပြခဲ့သည်ဟု ကော့မှူး မြို့ခံများက YPI သို့ပြောသည်။
ထိုသို့ လမ်းလျှောက်စဉ်တွင် အိမ်ထောင်စုစာရင်းကိုလည်း လက်တွင် ကိုင်ဆောင်ကာ ဒါအတုလား ဟုပြောဆိုခဲ့သည်ဟုမြို့ခံများက  ပြောသည်။

0 comments:

Post a Comment