ကျောက်ပန်းတောင်း မြို့နယ်အတွင်းရှိ ရပ်ကွက်များ၏ မဲစာရင်းများ ကြေညာရာတွင်
မိသားစုအလိုက် မဲစာရင်းကျန်ရှိခဲ့သည့် အဖြစ်အပျက် အများအပြားရှိနေပြီး
သေဆုံးသူများမှာမူ မဲစာရင်းတွင် ပါဝင်နေကြောင်း မဲစာရင်းတွင် မပါဝင်ခဲ့သည့်
သူများ၏ ပြောကြားချက်များအရ သိရှိရသည်။
ကျောက်ပန်းတောင်းမြို့နယ်အတွင်း
ရပ်ကွက်များတွင် မဲစာရင်းများကို ကပ်ထားသည်ကို ရပ်ကွက်နေ ပြည်သူများ
သိရှိစေရန် တရားဝင် ကြေညာခြင်းမျိုး မရှိကြောင်း၊ မဲစာရင်းကပ်သည်ကို
မသိရှိသောကြောင့် မဲစာရင်းများ မကြည့်ခဲ့ရကြောင်း၊ မဲစာရင်းကပ်သည်ကို
သိရှိပြီး သွားရောက်ကြည့်ရှူသူများတွင်လည်း မိသားစုလိုက် မဲစာရင်းတွင်
ကျန်ရှိခဲ့ခြင်းများ၊ သေဆုံးသူအချို့ကို မဲစာရင်းတွင်
ထည့်သွင်းထားခြင်းများ ရှိနေကြောင်း မဲစာရင်းတွင် မပါဝင်သူများက
ပြောကြားခဲ့သည်။ မဲစာရင်းတွင် မပါဝင်သောကြောင့် ကော်မရှင်ရုံးသို့
သွားပြောရာ အလုပ်ရှုပ်ခြင်းကြောင့် မပါဝင်ခြင်းဖြစ်သည်ဟု
ပြန်ပြောခဲ့ကြောင်း၊ မဲပေးရမည့်အချိန်
နီးကပ်သည်အထိ မဲပေးရမည့်စာရင်းတွင်
မပါဝင်သေးကြောင်း သိရသည်။
“ကျွန်မက မဲစာရင်းမှ လုံးဝမကိုမပါတာ။
ကျွန်မအဲဒါနဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံးက စာရေးမကိုမဲစာရင်း
မပါတာဘာကြောင့်လဲလို့ သွားမေးတော့ အလုပ်ရှုပ်လို့ မပါတာလို့ ပြောတယ်။
ဒါပေမဲ့ ကျွန်မတို့ နှစ်အိမ်ကျော်က သေဆုံးသွားတဲ့ သားအဖနှစ်ယောက်ကျတော့
မဲစာရင်းထဲမှာပါနေတယ်။ ပြီးတော့ မဲစာရင်းကိုလာ ကြည့်ဖို့အတွက်ကိုလည်း
ကြေညာတာမရှိဘူး။ အခြားဟာမျိုးတွေကိုသာကြေညာတယ်။ မဲ စာရင်းကိုတော့
လူမြင်ကွင်းမှာ ကြေညာတာမတွေ့ရဘူး။ ကျွန်မက မဲပေးတာနဲ့ပတ်သက်ပြီး
အာရုံစိုက်နေလို့သာ မဲစာရင်း ကပ်တယ်ဆိုတာကို သိတာ။ မဲစာရင်းမပါတော့
မဲမပေးရတော့ဘူး။ အဲဒီအတွက် ကျွန်မအရမ်းကို ဒေါသထွက်တယ်။ ဒါကလုံဝးကို
မဖြစ်သင့်ဘူး”ဟု ကျောက်ပန်းတောင်းမြို့နယ် လွတ်လပ်ရေးရပ်ကွက်တွင် နေထိုင်သူ
မအေးအေးခိုင်က ပြောပြခဲ့သည်။
“အန်တီတို့ကတော့ မိသားစု (၇)
ယောက်လုံး မဲစာရင်းထဲ မပါတာပါ။ အိမ်နီးနားချင်း လင်မယားနှစ်ယောက်ကျတော့
ဟိုတလောက သေသွားတာ အခု မဲစာရင်းထဲမှာ ပါနေပြီ။ မနက်ဖြန်ပဲ မဲပေး၇တော့မယ်။
အခုထိ မဲစာရင်းထဲမှာ မပါတာ တော်တော်လေးကို ဒေါသထွက်ဖို့ ကောင်းတယ်။ အန်တီက
အရမ်းကို မဲပေးချင်တာ။ အန်တီတို့မိသားစု (၇) ယောက် မဲပေးခွင့်မရရင် (၇)
ယောက်စာ လျော့သွားမယ်လေ။ အန်တီတို့ရပ်ကွက်ထဲမှာ ရပ်ကွက်ရဲ့ သုံးပုံ
တစ်ပုံလောက်က မဲစာရင်းထဲ မပါဘူးဖြစ်နေတယ်”ဟု လွတ်လပ်ရေး ရပ်ကွက်တွင်
နေထိုင်သူတစ်ဦးကလည်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့ မိသားစုလည်း
မဲစာရင်းထဲမှာ လုံးဝကိုမပါဘူး။ ၂၀၁၀ တုန်းကတောင် မဲပေးခဲ့ရတယ်ဗျာ။
အခုမဲစာရင်းထဲမပါတော့ ၀မ်းနည်းတယ်ဗျာ”ဟု ကျောက်ပန်းတောင်မြို့နယ်
အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောပြခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ်အတွင်း မဲပေးခွင့်ရှိသူဦးေ၇ ၂၀၆၀၀၇ ဦးရှိမည်ဖြစ်ပြီး မဲရုံပေါင်း ၃၈၃ ရုံရှိမည်ဖြစ်ကြောင်း သိရသည်။
Saturday, March 31, 2012
ကျောက်ပန်းတောင်း မြို့နယ် ရပ်ကွက်များ၏ မဲစာရင်းများတွင် မိသားစုလိုက် မဲစာရင်း ကျန်ခဲ့ခြင်းများရှိပြီး သေဆုံးသူအချို့မှာ မဲစာရင်းတွေပါဝင်နေကြောင်း သိရ
Labels:
ရွေးကောက်ပွဲသတင်း
Subscribe to:
Post Comments (Atom)



0 comments:
Post a Comment