Subscribe:
Welcome To International Political Media Groups(IPMG)

Pages

Saturday, March 31, 2012

ဒေါက်တာမြင့်နိုင်နှင့်အဖွဲ့ တန့်ဆည်မြို့အတွင်း မဲဆွယ်စည်းရုံး



မနက်ဖြန် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပတော့မည့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၃)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဖြစ်သည့် ဒေါက်တာမြင့်နိုင်နှင့် အဖွဲ့သည် ဒီကနေ့ မတ်လ ၃၁ ရက်နေ့ နေ့လည် ၁၂း၃၀ အချိန်ခန့်တွင် တန့်ဆည်မြို့အတွင်း မဲဆွယ်စည်းရုံး လှည့်လည်ခဲ့ပါသည်။ ဒေါက်တာမြင့်နိုင်နှင့် အဖွဲ့ကို တန့်ဆည်မြို့အတွင်း ကြိုဆိုသူပေါင်း သုံးသောင်းကျော်ခန့် ရှိပြီး ဆိုင်ကယ်စီးရေ ၈၀၀ ကျော်ခန့်ဖြင့် လှည့်လည်ပြီး ပြည်သူ့ မေတ္တာ ခံယူခဲ့ပါသည်။ နေ့လည် ၂း၃၀ အချိန်ခန့်တွင် ကန့်ဘလူမြို့သို့ ဆက်လက် ထွက်ခွာသွားသည်ဟု သတင်းရရှိပါသည်။

0 comments:

Post a Comment