တောင်တွင်းကြီးမြို့နယ်တွင် ကြား ဖြတ်ရွေးကောက်ပွဲအတွက် မဲးပေးနိုင်ရန်
မဲစာရင်းတွင် အိမ်ထောင်စု တစ်စုလုံးမပါဝင်ခြင်း၊ ကျေးရွာ
အုပ်ချုပ်ရေးမှူးအချို့က အုပ်ချုပ်ရေး တာဝန်အပြင်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီစည်းရုံးရေးမှူး တာဝန်ပူးတွဲ
ရယူထားရုံမက ရပ်/ ကျေး ကော်မရှင် အဖွဲ့ဝင်များ ဖြစ်နေခြင်း၊
ကိုယ်တိုင်လည်း ပြည်ထောင်စုံကြံ့ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွက် မဲထည့်ရန်
ကြိုတင်မဲများ လိုက်လံကောက်ခံနေခြင်းနှင့် လျှို့ဝှက်မဲပေးခြင်း ဥပေဒေနှင့်
မကိုက်ညီသော ကိစ္စများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိပါသည်။
၂၀၁၂ မတ်လ ၃၀ ရက်နေ့ ညနေ ၄ နာရီ ၂၅ မိနစ် အချိန်တွင်
တောင်တွင်းကြီးမြို့နယ် ကြခတ်ကန်းကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များက
တစ်အိမ်တစ်ဆင်း ကြိုတင်မဲများ လိုက်လံကောက်ခံနေခြင်း၊ ပန်းတောငယ်
အုပ်စုကြီး၊ အင်းကုန်းကျေးရွာ ရွာခွဲအုပ်ချုပ်ရေး(ယာအိမ်မှူး)သည်
အုပ်ချုပ်ရေး တာဝန်အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
စည်းရုံးရေးမှူးတာဝန်ကို ပူးတွဲရယူထားကြောင်း၊ ရပ်/ ကျေး ကော်မရှင်
အဖွဲ့ဝင် လည်း ဖြစ်နေကြောင်း၊ ၎င်းကိုယ်တိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီအတွက် ကြိုတင်မဲများ လိုက်လံကောက်ခံနေကြောင်း
ရေဖြားကျေးရွာ အိမ်ထောင်ဦးစီး ဦးအုန်းရွှေ အပါအ၀င် မိသားစုဝင်
ခုနစ်ဦးစလုံးမှာ အသက် ၁၈ နှစ် ပြည့်ပြီးသော်လည်း မဲစာရင်းတွင်
လုံးဝမပါဝင်ခြင်း၊ ရွှေအင်းပင်ကျေးရွာမှ ကော်မရှင် အဖွဲ့ဝင်အချို့သည်
မဲစာရင်းအမှတ် ၁၄၄၅ ဒေါ်သန်းစိန်၊ ၁၄၃၈ ဒေါ်ညိုတင်၊ ၁၈၂၀ ဒေါ်တင်စိန်၊ ၁၃၇၇
ဒေါ်ခင်ဝင်း တို့အား မတ်လ ၃၀ ရက်နေ့ နံနက် ၁၁ တွင် ၎င်းတို့၏ ရှေ့မှောက်၌
ကြိုတင်မဲပေးစေ သဖြင့် လျို့ဝှက်မဲပေးခြင်း ဥပဒေနှင့် မကိုက်ညီသော
ကိစ္စများဖြစ်ပေါ်နေကြောင်း သိရှိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်တွင်းကြီးမြို့နယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူများမှ သက်ဆိုင်ရာသို့
တိုင်ကြားထားပြီး အလားတူဖြစ်ရပ်များ ရှိမရှိကိုလည်း ဆက်လက်စုံစမ်းနေကြောင်း
သိရှိရသည်။ ယင်းကဲ့သို့ ကြားဖြတ်ရွေးကောက်ပွဲတွင် စည်း ကမ်းနဲ့ မညီညွတ်သော
ဖြစ်ရပ်များနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥပဒေရေးရာ
ကော်မတီဥက္ကဋ္ဌဖြစ်သူ ဦးခင်သောင်းက ''မဲရုံ ၂၈၄ ရုံမှာ မဲရုံ ကိုယ်စားလှယ်
နှစ်ဦးအပြင် အခြားကိစ္စရပ်တွေပါ ဖြေရှင်းနိုင်ရန်အတွက်
သင်တန်းပေးထားပြီးသားပါ။ ကျေးရွာတွေမှာ ဒီလိုမသမာတဲ့ ကိစ္စတွေကို အဆင့်ဆင့်
တိုင်ကြားထားပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲပြီးလို့ ၁၅ ရက်အတွင်းမှာ
ဒီအမှုတွေနဲ့ပတ်သက်ပြီး အမှုဖွင့် အရေးယူဖို့အတွက် ဆက်လက်
ဆောင်ရွက်သွားပါ့မယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက လုပ်ချင်တိုင်း
လုပ်ခဲ့တာတွေ ရှိတယ်။ ဒါပေမယ့် အခု ကြားဖြတ်ရွေးကောက်ပွဲမှာတော့
ကျွန်တော်တို့ ပါတီအနေနဲ့ အနီးကပ် လေ့လာစောင့်ကြည့်ပြီး
လုပ်သင့်လုပ်ထိုက်တဲ့အရာတွေကို ဆက်လက် လုပ်ဆောင်သွားမှာပါ''ဟု
ပြောကြားခဲ့သည်။
ထို့ပြင် တောင်တွင်းမြို့နယ်
ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးအောင်ကြည်ညွန့်မှ အခုဖြစ်နေတဲ့ မဲသမာမှုကိစ္စတွေက
ကြားဖြတ်ရွေးကောက်ပွဲမှာ တရားမျှတပြီး သန့်ရှင်းတဲ့ အဖြေထွက်လာမယ့်
အခြေအနေကို ထိခိုက်မှုရှိလာနိုင်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့်
ဒီလိုကိစ္စတွေ ဖြစ်နေတယ်ဆိုတာကို သက်သေ အချက်အလက် အပြည့်အစုံနဲ့ တင်ပြပြီး
ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့တဲ့ အချို့ကိစ္စရပ်တွေမှာ သက်ဆိုင်ရာ
တာဝန်ရှိသူတွေက တာဝန်မယူကြဘူး''ဟု ပြောဆိုခဲ့သည်။
တောင်တွင်းကြီးမြို့နယ်တွင်
မြို့ပေါ် ၁၀ ရပ်ကွက်၊ ကျေးရွာအုပ်စု ၇၃ အုပ်စု၊ ကျေးရွာ ၂၇၅ ရွာရှိပြီး
မဲပေးနိုင်ခွင့် ဦးရေမှာ အမျိုးသား ၈၁၈၁၃၊ အမျိုးသမီး ၉၂၈၆၆ စုစုပေါင်း
၁၇၄၆၇၀ ဦးရှိပြီး မဲရုံ ပေါင်း ၂၈၄ ရုံရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်မှ
ဦးမောင်မောင်ဝင်း(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)၊
ဦးအောင်ကြည်ညွန့်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊
ဦးမောင်ဝင်း(တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ)နှင့်
ဦးအောင်သန်းတင့်(ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ)တို့ ၀င်ရောက်
ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
Saturday, March 31, 2012
တောင်တွင်းကြီးမြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် တစ်အိမ်တက် တစ်အိမ်ဆင်း ကြိုတင်မဲများ ကောက်ခံနေခြင်းနှင့် လျှို့ဝှက်မဲပေးခြင်းဥပဒေနှင့် မညီညွတ်သော ကိစ္စများ ဖြစ်ပေါ်နေ
Labels:
ရွေးကောက်ပွဲသတင်း
Subscribe to:
Post Comments (Atom)



0 comments:
Post a Comment