Subscribe:
Welcome To International Political Media Groups(IPMG)

Pages

Saturday, March 31, 2012

ပြည်ခိုင်ဖြိုးပါတီကိုနိုင်ငံရေးအတွက် သာသနာနယ်မြေ အသုံးပြုမှုဖြင့် ထပ်မံတိုင်ကြား


မတ်လ ၃၁ ရက်၊ ၂၀၁၂ ခုနှစ်-ဟံသာ (YPI)

မော်လမြိုင်မှာပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို နိုင်ငံရေးအတွက် သာသနာ့နယ်မြေအသုံးပြုမှုဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကပြည်နယ်ကော်မရှင်သို့ ယနေ့ထပ်မံတိုင်ကြားလိုက်သည်

“ဒီနေ့လည်းပြည်ခိုင်ဖြိုးက ရပ်ကွက်ဓမ္မာရုံသုံးပြီး သူတို့ပါတီဝင်တွေအစည်းအဝေးလုပ်တယ်၊နောက်သူတို့မဲ ဆွယ်ဖို့ခေါ်ထားတဲ့ အခြားမြို့နယ်ကပါတီဝင်တွေကိုလည်း ဘုန်းကြီးကျောင်းတွေမှာ တည်းခိုင်းတယ်ဒါက နိုင်ငံရေးအတွက်သာသနာ့နယ်မြေအသုံးပြုတာပဲ”ဟု(NLD)မော်လမြိုင်အောင်နိုင်ရေးကော်မတီရုံးမှ ပြန်ကြား ရေးတာဝန်ခံဦးကိုကိုဇော်ကပြောသည်။

ယနေ့ပြည်ခိုင်ဖြိုးပါတီမှ အစည်းအဝေးလုပ်ရန်သုံးခဲ့သည့်ဓမ္မာရုံမှာ မော်လမြိုင်မြို့ပေါ်မင်းကုန်းရပ်ကွက် ကဓမ္မာရုံဖြစ်ပြီး လူဦးရေ ၂၀ခန့်အစည်းအဝေးလုပ်ခဲ့သည်ဟုဆိုသည်။

အစည်းအဝေးလုပ်သည့်ဓာတ်ပုံများ ၊အခြားမြို့နယ်မှ ပါတီဝင်များဘုန်းကြီးကျောင်းတွင် တည်းခိုနေသည့်ဓာတ်ပုံများကို လည်း ကော်မရှင်သို့ယနေ့ညနေသို့တင်ပြထားပြီး ကော်မရှင်က လက်ခံရယူထားသည်ဟုဆိုသည်။


ပြီးခဲ့သည့်မတ်လ ၂၂ ရက်နေ့တွင်လည်း ပြည်ခိုင်ဖြိုးပါတီက မော်လမြိုင်မြို့ ဈေးချိုဓမ္မာရုံတွင် မဲဆွယ်စည်းရုံး ဟောပြောခဲ့သည့်ဖြစ်စဉ်ကိုလည်း NLD က ပြည်နယ်ကောက်မရှင်သို့တိုင်ကြားထားပြီးဖြစ်သည်။

ပြည်ခိုင်ဖြိုးအတွက် မဲဆွယ်စည်းရုံးလှုံ့ဆော်အင်အားပြရန်အတွက် မော်လမြိုင်မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများတွင် ပြည်ခိုင်ဖြိုးပါတီအင်အား လေးငါးရာ ၀န်းကျင်ရောက်ရှိနေကြောင်း ဦးကိုကိုဇော်ကပြောသည်။

လက်ရှိတွင် မော်လမြိုင်မြို့၊လှိုင်နယ်မြေရှိ ကမာကြည်ကျောင်းတွင် လွန်ခဲ့သည့်နှစ်ရက်သုံးရက် ကစပြီး ပြည်ခိုင်ဖြိုးပါတီဝင်အင်အားတစ်ရာကျော်ကျော် ကျောင်းတွင်တည်းခိုနေကြောင်း ကမာကြည် ကျောင်းတိုင်မှ ဆရာတော်တပါးက မိန့်ကြားသည်။

“ကော်မရှင်က ကျွန်တော်တို့ အခု တိုင်ကြားထားတဲ့ဓာတ်ပုံတို့ ဘာတို့တော့ယူထားတယ်။ဘယ်တော့ အကြောင်းပြန်မလဲဆိုတာတော့မပြောသေးဘူး”ဟု ၎င်းကဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် မော်လမြိုင်လစ်လပ်ပြည်သူ့လွှတ်တော်နေရာအတွက်ပါတီ လေးခုမှ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ဝင်ရောက်ယှဉ်ပြိုင်ကြမည့်ပါတီများမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ပြည်ခိုင်ဖြိုးပါတီ၊မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် NLD တို့ဖြစ်ကြသည်။ ။

0 comments:

Post a Comment