Subscribe:
Welcome To International Political Media Groups(IPMG)

Pages

Friday, March 30, 2012

မန္တလေးတိုင်း ဒေသကြီးတွင် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း၌ ဒုတိယကမ္ဘာစစ် စစ်ကျန်ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့

4524
မတ်လ၁၉ရက်နေ့က မန္တလေးစက်မှုဇုန် နိုင်စိုးပိုင် သံရည်ကျို လုပ်ငန်းတွင် စစ်ကျန်ဗုံးကို
သံရည်ကျိုရန် ထုနှက်ရာမှ ပေါက်ကွဲမှုဖြစ်ပွားရာ နေရာကို တွေ့ရစဉ်
မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း၌ ဒုတိယကမ္ဘာစစ်ကျန် ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း မန္တလေးစက်မှုဇုန်ရှိ သံရည်ကျိုလုပ်ငန်းရှင်များအား သက်ဆိုင်ရာ ဋ္ဌာနအသီးသီးမှ ပညာပေး ဟောပြောပွဲတွင် ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့ မှူး သန်းဆင့်၏ ပြောကြားချက်အရ သိရှိရသည်။
အဆိုပါ စစ်ကျန်ဗုံးပေါက်ကွဲမှု နှစ်ခုမှာ ပုသိမ်ကြီးမြို့နယ်
သံဗိုလ်ကျွန်းကျေးရွာတွင် ဖေဖော်ဝါရီလ ၂၆ရက်နေ့ မွန်းလွဲ၁နာရီ၄၅မိနစ် အချိန်ခန့်က တစ်ကြိမ်၊ ပြည်ကြီး တံခွန်မြို့နယ် မန္တလေးစက်မှုဇုန်၊ သခင်ဖိုးလှကြီးလမ်း၊ ၆၈လမ်းနှင့် ၆၉လမ်းကြားရှိ နိုင်စိုးပိုင် သံရည်ကျိုလုပ်ငန်းတွင် မတ်လ ၁၉ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်ခန့်က တစ်ကြိမ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ၁ နာရီ ၄၅ မိနစ်အချိန်မှာ ပုသိမ်ကြီးမြို့နယ် သံဗိုလ်ကျွန်း ကျေးရွာမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွား ခဲ့ပါတယ်။ ဖြစ်ရတဲ့ဖြစ်စဉ်အခြေ အနေကတော့ ဘယ်လိုသွားတွေ့ ရလဲဆိုတော့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ကိုထွန်းဦး၊ ကိုဝင်းဆွေ၊ ကိုသိန်းသန်းဦးတို့ ဧရာဝတီမြစ်ထဲကို ရေချိုးဆင်းကြတယ်။ ရေချိုးဆင်းရင်း စစ်ကျန်ခေတ်က ဗုံးဟောင်းကို သွားတွေ့တယ်။ တွေ့တဲ့အခါမှာ တာဝန်ရှိသူတွေကိုမအပ်ဘူး။ မြစ်ကမ်းဘေးက သောင်စပ်မှာပဲ သိမ်းထားခဲ့တယ်။ သိမ်းထားခဲ့ပြီးတော့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ဒါတွေကို သူတို့ကလွှနဲ့သွားဖြတ် တဲ့အခါ ပေါက်ကွဲပြီးတော့ သူတို့ သုံးယောက်ဒဏ်ရာရရှိခဲ့တယ်။ ဒဏ်ရာရရှိပေမယ့် သူတို့သုံးယောက်ဟာ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၆ အရ အရေးယူခြင်းခံရတယ်” ဟု ပြည်ကြီး တံခွန်မြို့နယ် ရဲတပ်ဖွဲ့မှူးသန်းဆင့် က ပြောကြားသည်။
မတ်လ ၁၉ရက်နေ့က မန္တလေး စက်မှုဇုန် နိုင်စိုးပိုင်သံရည်ကျိုလုပ် ငန်းတွင်ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုမှာ စစ်ကျန်ဗုံးကို သံရည်ကျိုရန်ထုနှက်ရာမှ ပေါက်ကွဲမှုဖြစ်ပွားကာ ကိုမိုး (၁၉)နှစ်သည် ဘယ်ခြေပြတ်၊ လက်နှစ်ဖက်ပြတ်၊ ဗိုက်ပွင့်၍လည်းကောင်း၊ စိုးမင်းသူ(၂၈) နှစ်သည် ခြေနှစ်ဖက်ပြတ်၊ ဗိုက်ပွင့်ဒဏ်ရာဖြင့်လည်း ကောင်း နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ ကြောင်း၊ ချစ်ကောင်း(၁၆)နှစ်သည် ခြေနှင့်ဦးခေါင်းတို့တွင် ဒဏ်ရာရခဲ့သဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ကုသသော်လည်း ညနေ ၃ နာရီ အချိန်ခန့်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ဖြစ်ပွားရတဲ့ အကြောင်းတွေကို လေ့လာတဲ့အခါမှာ အကြောင်းနှစ်ချက် သုံးသပ်ရရှိခဲ့ပါတယ်။ အသိဥာဏ် ဗဟုသုတ အတွေ့အကြုံနည်း ပါးခြင်း၊ ဥပဒေကြောင်းအရဆောင် ရွက်ရမယ့်အပိုင်းတွေကို နားမလည်တဲ့အတွက် ဖြစ်တယ်။ လက်နက်ခဲယမ်းဆိုတာ အသစ်ဖြစ်စေ၊ အဟောင်းဖြစ်စေ ကျွမ်းကျင်သူတွေမှသာ ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျင်ပြီးတော့ ဗဟုသုတ ရှိပါတယ်။ လူ့အသက်ကို အန္တရာယ် ဖြစ်စေတတ်တဲ့ ပေါက်ကွဲတတ်တဲ့ အရာတွေနဲ့ ပတ်သက်ရင် သိလျက်နဲ့သော် လည်းကောင်း၊ ပေါ့လျော့စွာ သော်လည်းကောင်း တမင် သော်လည်းကောင်း ဆောင်ရွက်လိုက်လို့ရှိရင် ပြစ်မှုဆိုင် ရာ ဥပဒေပုဒ်မ ၂၈၆ အရအရေးယူရမှာ ဖြစ်ပါတယ်” ဟု ဒုတိယရဲမှူး သန်းဆင့်က ရှင်းပြသည်။
ပေါက်ကွဲစေတတ်သော လက်နက်ခဲယမ်း မီးကျောက်များဟု ယူဆရသော အရာများ၊ ပေါက်ကွဲစေနိုင်သော အရာများကို တွေ့ရှိပါက သက်ဆိုင်ရာသို့ အကြောင်းကြား အပ်နှံနိုင်ကြောင်း၊ ယင်းသို့အပ်နှံပါက ဥပဒေအရ အရေးယူခံရနိုင်ခြင်း မရှိကြောင်း သိရသည်။
Ref;EMG

0 comments:

Post a Comment