Subscribe:
Welcome To International Political Media Groups(IPMG)

Pages

Saturday, April 7, 2012

NLD ကြေငြာစာတမ်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ်(၉၇/ခ)
အနောက်ရွှေဂုံတိုင်လမ်း၊ဗဟန်းမြို့နယ်၊ရန်ကုန် ။
ရက်စွဲ- ၂၀၁၂ ၊ ဧပြီလ ၊၇ ရက် ။
ကြေငြာစာတမ်း

ဧပြီလ (၁) ရက်နေ့ကပြီးမြောက်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲသည် ပြည်သူများ၏ အောင်ပွဲဖြစ်သည်ဟု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အခိုင်အမာ ယုံကြည်ပါသည် ။ နိုင်ငံတစ်နိုင်ငံ၏ ဒီမိုကရေစီဖြစ်စဉ်သည် ပြည်သူများပါဝင်ပါတ်သက်မှသာလျှင် အားလုံးတမ်းတနေကြသည့်စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စုကြီး
ပေါ်ထွန်းလာနိုင်မည်ဖြစ်သည် ။

ထို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲဖြစ်စဉ်တွင် ရှေ့ဆုံးမှ ပါဝင်ခဲ့သော ပြည်သူလူထု၊ နိုင်ငံတော်သမ္မတကြီးနှင့်
ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့သော နိုင်ငံရေးပါတီများ၊ အခြားအဖွဲ့အစည်းများ ပုဂ္ဂိုလ်များနှင် ပြည်တွင်းမီဒီယာသမားများကို ကျေးဇူးတင်စွာဖြင့် ဂုဏ်ပြုအပ်ပါသည် ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ရွေးကောက်ပွဲ ရလာဒ်များမှတဆင့် ပေါ်လွင်ခဲ့သော ပြည်သူလူထု၏ ဆန္ဒနှင့် မျှော်လင့်ချက်များကို အလေးထားကာ အမျိုးသားရေးပြန်လည်ရင်ကြားစေ့ရေး အုတ်မြစ်ပေါ်တွင် အခြေခံသည့် ဒီမိုကရေစီအဆောက်အုံများထူထောင်ရေး၊ ပြည်သူများ၏ စားဝတ်နေရေး ချောင်လည်တိုးတက်ရေးများကို ရွေးကောက်ပွဲမူဝါဒများပါ တရားဥပဒေ စိုးမိုးရေး၊ ပြည်သူ့ငြိမ်းချမ်းရေး၊
ဖွဲစည်းပုံအခြေခံဥပဒေပြင်ဆင်ရေးများအတွင်းမှ ဆောင်ရွက်သွားမည်ဖြစ်ပါသည် ။

ယခုရွေးကောက်ပွဲ ပြီးဆုံးသွားပြီဖြစ်သဖြင့် အဖွဲ့ချုပ်သည် ပြည်သူများလိုလားတောင့်တနေသော စီးပွားရေး၊ လူမှုရေး၊ ပြန်လည်ပြုပြင်ရေးများကို ဒီမိုကရေစီမူများနှင့်ကိုက်ညီမည့် အမြန်ဆုံးစတင်လုပ်ဆောင်မည်ဖြစ်ပါသည် ။
ပြည်သူလူထုကြီးကလည်း က်ျလုပ်ငန်းများနှင့်ကိုက်ညီမည့် ပါဝင်ကြလိမ့်မည်ဟု ယုံကြည်ပါသည် ။
မြန်မာနိုင်ငံအပေါ် စေတနာထားသော ကမ္ဘာတလွှားမှ နိုင်ငံများ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ၏ အားပေးထောက်ခံမှုများသည် ဒီမိုကရေစီအပြောင်းအလဲတွင် အရေးပါခဲ့ပါသည် ။ က်ျကဲ့သို့ ထောက်ခံအားပေးခဲ့သူများကိုလဲ အဖွဲ့ချုပ်က ကျေးဇူးတင်ဂုဏ်ပြုအပ်ပါသည် ။

ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး အေးချမ်းသာယာပြီး ဒီမိုကရေစီလူ့အဖွဲ့အစည်းအတွင်းသို အမြန်ဆုံးရောက်ရှိစေရန် အားလုံးဝိုင်းဝန်းလက်တွဲလုပ်ဆောင်ကြရန် ဆန္ဒပြုပါသည် ။

ဗဟို အောင်နိုင်ရေးအဖွဲ့

0 comments:

Post a Comment