Subscribe:
Welcome To International Political Media Groups(IPMG)

Pages

Friday, April 20, 2012

ကိုမင်းကိုနိုင် နှင့် သံချပ်ဖျော်ဖြေရေး အဖွဲ့ သံလျှင်မှာ တိုက်ခိုက်ခံရ

သန်လျင် ရွာမပိုင်း သင်္ကြန်မဏ္ဍပ်မှ ကောင်းမွန်ချောမွေ့စွာအပြန်(ဓါတ်ပုံ-88 Generation Students)
ဧပြီလ (၁၅) ရက်နေ့  ၂၀၁၂

ကိုမင်းကိုနိုင် သံချပ်ဖျော်ဖြေရေး အဖွဲ့ ညနေ ၆နာရီ ၅ မိနစ်မှာ သံလျင် ရှိ ကိုညီညီဦး မဏ္ဍပ်ကို ရောက်။ အဖွဲချုပ်လူငယ်အချို့မှ လက်ပြ နှုတ်ဆက်နေစဉ် ဘတ်စ်ကား တစီးနောက်မှ လူ ၁၅ယောက်ခန့် က ရန်ပြုတိုက်ခိုက် ရာ ကိုမင်းကိုနိုင်တို့ ယာဉ်အား အမြန်မောင်းနှင်ထွက်ခိုင်းလိုက်ပြီး ကာကွယ်ပေးသူ သန်လျင် လူငယ် သုံးဦးမှာ စိုးရိမ်ရလောက်သော ဒါဏ်ရာများရပြီး နှစ်ဦးမှာ သာမန် ဒါဏ်ရာရရှိထားပါ
တယ်။

 ထို ၁၅ ယောက်အုပ်စု အနက် နှစ်ဦးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး အကျီ ၀တ်ဆင်ထားပြီး မိန်းကလေး တဦးပါဝင်၊ ကိုညီညီဦး အိမ်အတွင်း ခေါ်ယူထိမ်းသိန်းထားသော အဖွဲ့ချုပ် လူငယ်များကို ကာကွယ်ပေးသောကြောင့် ထို လူရမ်းကား ၁၅ ယောက်ခန့်မှ အိမ်ကို အုတ်နီခဲ့ ၁၀ လုံးခန့်ဖြင့် ထုခဲ့ပါတယ်။

ကိုညီညီဦးမှ သန်လျင် ရဲစခန်းသို့ သွားရောက် အမှုဖွင့် တိုင်ကြားစဉ် ထို ၁၅ယောက် အုပ်စုမှာ သန်လျင်လျပ်စစ် ရုံးရှေ့ မဏ္ဍပ်တွင် သာမန် အရပ်သားတဦးရဲ့ ကားကို ထိုလူအုပ်ကပင် ခဲဖြင့်ထုပြီး မှန်ကိုခွဲရာ ကားသမား ထိခိုက်ပြီး ဦးခေါင်းတွင် ရှစ်ချက် ချုပ်ရရှိကြောင်း သတင်းရရှိပါတယ်။

Ref;Myanmar News Now

0 comments:

Post a Comment