Subscribe:
Welcome To International Political Media Groups(IPMG)

Pages

Wednesday, October 31, 2012

ဖျတ်ခနဲဆွေးနွေး စစ်ရေးအမြင်

ဖျတ်ခနဲဆွေးနွေး စစ်ရေးအမြင်


*ဟိုတလောက ကျနော့်ကိုပေးဖတ်တဲ့ စစ်ရေးအမြင်ဆောင်းပါးလေး
 အပြီးမသတ်သေးဘူးလား…
**ရေးတော့ထားတာပဲ အစ်ကိုရေ.. အပြီးမသတ်နိုင်သေးဘူးဖြစ်နေတယ်.. ကိုယ်ရေးထားတာကို ကိုယ်ပြန်ဖတ်တာတောင်မှ စိတ်တိုင်းမကျနိုင်ဘူးဖြစ်နေလို့….


*အေးဆေးနဲ့ စိတ်တိုင်းကျလေးရေးဗျာ……
စောင့်ဖတ်မယ်
**ကျွန်တော်မြန်မာကနေ စစ်ပညာ စာအုပ်တွေ မှာထားတယ်ဗျ……
ကျွန်တော်ဦးနှောက်ထဲရှိနေတာတွေက တစ်ပိုင်းတစ တွေဆိုတော့ ... တခါတခါ လွဲသွားမှာစိုးလို့
*အင်း အဲဒါ လည်းဟုတ်တယ်
ကျနော်တောင် မှတ်ဥာဏ်ကိုပဲအားပြုရေးတာဆိုတော့
အချက်အလက် လွဲသွားတာတွေရှိတယ်
**စာအုပ် တခါလောက်ပြန်ဖတ်မှ ပိုတိကျလာမယ် ... ပြီးတော့ ခေတ်အမြင် ၊ ယနေ့ သုံးနည်းပညာတွေနဲ့ သင်ရိုးတွေ မှာသင်ရတဲ့ စစ်အခြေခံသဘောတရားတွေနဲ့ ချိန်ထိုးပြီးသုံးသပ်ရတာမျိုးဆိုတော့
*ကောင်းတယ်
**ကိုးကားဖို့ စာအုပ်စာတမ်း လိုတယ်…..
အကိုလည်း သိခဲ့ဖူးမှာပေါ့.. စစ်ရေးသုံးသပ်ချက်မှာ
(တင်း ရည် လုပ် အုပ် ဆက်) ဆိုတာ ကို
ဒါက တကယ့် ကျောရိုးစစ်ရေးသုံးသပ်မှုပေါ့ အခုနောက်ပိုင်း
လေယာဉ်တင်သဘောတွေ ၊ မောင်းသူမဲ့ လေယာဉ်တွေ ၊ စက်ရုပ်စစ်သားတွေ ၊
မစ်ဇိုင်းတွေ သုံးလာကြတာဟာ
*ဟုတ်ကဲ့ စစ်ဦးစီးဌာနမှာ ထိတွေ့ခဲ့ဖူးပါတယ်….
**အုပ်ချုပ်ထောက်ပံ့ရေး ၊ ဆက်သွယ်ရေး ကန့်သတ်ချက်တွေ နဲ့ အများကြီး ပက်သက်မှုရှိတယ်
စစ်အခြေစိုက် စခန်းတွေ ဆောက်တာက အစ အဲဒီမူလစစ်အခြေံသဘောတရား စစ်ရေးသုံးသပ်ချက်နဲ့ အကျုံးဝင်တယ်ဗျ.. တချို့ ပြည်သူတွေက နားမလည်ကြဘူး ။ စစ်နဲ့ ပက်သက်ရင်အထိတွေ့နည်းတယ်
စစ်အင်အားတိုးချဲ့တာ လေယာဉ်တွေ ၊ ရေတပ်သဘောင်္တွေ တိုးချဲ့တာကို သူတို့ က အပိုလုပ်နေတယ် ထင်ကြတာဗျ… ရေတပ်မှာ ပစ်ခတ်လေ့ကျင့်တာကစ တိုင်းပြည် ဘဏ္ဍာဖြုန်းတီးနေတာလို့ ထင်နေကြတယ်… နောက် သမ္မတရဲ့စစ်ရေးအမြင် ဆိုတာကြီးကိုလည်း သူတို့တွေ ဆတ်ဆတ်ထိ မခံနိုင်ဖြစ်နေကြတယ်
*ကောင်းတယ်ဗျာ အဲဒါဆို သုတေသနလုပ်တဲ့လူတွေ အတွက်လည်း အချက်အလက်ခိုင်တွေ ရတာပေါ့…
**အခုနောက်ပိုင်းမှာ စစ်ရေးအမြင်က တအားစကားပြောလာတယ်…
စောစောပိုင်းက အကို ကြားမိမလားမသိဘူး… တရုတ်က ZTE နဲ့ Huwai ဖုန်းကုမ္ပဏီတွေ မှာ စပိုင် နည်းပညာတွေထည့်ထားတယ်ဆိုတာ……
*သြော်…. သတင်းတွေနဲ့ အဆက်ပြတ်နေလို့ အမှတ်တမဲ့ ဖြစ်သွားတယ်….
**အခုနောက်ပိုင်း စစ်ရေး နဲ့ နိုင်ငံရေး ၊ စီးပွားရေး ၊ ပညာရေးတို့ ဟာ သီခြားစီရှိမနေတော့ဘူး… အားလုံးက ဆက်စပ်နေတယ် စစ်ရေးသုံးသပ်ချက်ဖြစ်တဲ့ သတင်း ၊ ရည်မှန်းချက် တာဝန် ၊လုပ်နည်း
အုပ်ချုပ်ထောက်ပံ့ရေး အစီစဉ် ၊ဆက်သွယ်ရေး စတာတွေ မှာ သတင်းက အခုနပြောသလိုပေါ့…. အရင်တုန်းက တခြားနိုင်ငံမှာ ကိုယ့်ဆီက စပိုင်တွေလွှတ်ပီး သတင်းယူကြတယ်….
ခုနောက်ပိုင်းမှာ  သုံးရုံးတွေကတဆင့်  အွန်လိုင်းကနေတဆင့် ခုကလို ကိုယ့်နိုင်ငံကနေ
*ဟုတ်
**ထုတ်လိုက်တဲ့ ဆက်သွယ်ရေးပစ္စည်းတွေကတဆင့် ယူနိုင်ကြတယ်ဗျ
ဆက်သွယ်ရေးနည်းပညာတွေ မြင့်လာတာနဲ့အမျှ သတင်းယူဖို့ဆိုတာလွယ်ကူလာတယ်
ရည်မှန်းချက်တာဝန်ဆိုရင်လည်း သူများကိုစစ်တိုက်မှာပါဆိုမှာတော့ စစ်ရေးစီမံချက် တွေရှိပြီးသားတွေချည်းပဲ…. လုပ်နည်းလည်းတူတူပဲ ကန့်သတ်ချက်ရှိတောက အုပ်ချုပ်ထောက်ပံ့ရေးနဲ့ ဆက်သွယ်ရေးပဲ…
အဲဒါကြောင့် ပိုက်ဆံတွေ အများကြီးအကုန်ကျခံပြီး သံတမန်တွေခင်း
အကူညီတွေပေး ကိုယ့်ဘက်ပါအောင်စည်းရုံး… စစ်အခြေစိုက်စခန်းတွေဆောက်
*အင်းလေ….
**သမုဒ္ဒရာကူးလေယာဉ်တင်သဘောကြီးတွေနဲ့ တကမ္ဘာလုံးကို အချိန်ပြည့်ပတ်နေတာ
စစ်ရေး ဆိုတဲ့အမြင်မရှိရင်… ဒါ ဟာ ပိုက်ဆံတွေဖြုန်းနေတယ်မထင်ရဘူးလား

*ဟုတ်တာပေါ့
**လေယာဉ်တင်သဘောဆောက်ဖို့ ကုန်လိုက်တဲ့ပိုက်ဆံသောက်သောက်လဲ….
နောက်ပြီး ဒီသဘောင်္ကြီး တခါရွေ့ဖို့ ကုန်လိုက်တဲ့ပိုက်ဆံ သောက်သောက်လဲ
ဒါကြီးကို အချိန်ပြည့်မောင်းနေရမှာနော်… ဘယ်လောက်တောင်ကုန်မလဲစဉ်းစားကြည့်
ဒီပိုက်ဆံတွေက ဖြုန်းနေတာမဟုတ်ဘူး… အင်အားပြပြီးကြွားချင်လို့လည်းမဟုတ်ဘူး….
ကိုယ်တိုက်ချင်တဲ့နေရာ ဗျာ… လူနဲ့သွားတိုက်၊ ထမင်းမစားရရင်ဘယ်လိုလုပ်တိုက်နိုင်မလဲ
သေနတ်တွေ ကျည်မရှိရင်ဘယ်လိုလုပ်ပစ်လို့ရမလဲ….
တင့်ကားတွေ ဆီမရှိမောင်းလို့မရဘူး… တောင်ကုန်းချို့ဝှမ်း ပေါတဲ့နေရာတွေ
မောင်းလို့မရဘူး
*အေးဗျာ ခုကိုပဲ ဆောင်းပါးတပုဒ်စာလောက်ဖြစ်နေပြီ
**း)
အဲတော့လေယာဉ်ကို သုံးမယ်စဉ်းစားတယ်ဗျ
*ဂုရုဘွဲ့ပေးချင်လာပြီ
**လေယာဉ်ဆိုရင် ဆီတကမ်းစာ နေရာထိပဲ မောင်းလို့ရမယ်
အဲဒီတော့ အဲဒီလေယာဉ်တွေတင်ပြီး ကမ္ဘာပါတ်မောင်းနေတာပေါ့…..
ပိုက်ဆံတော့ကုန်တယ်.. စစ်အောင်နိုင်ဖို့ အုပ်ချုပ်ထောက်ပံ့ရေး ကန့်သတ်ချက်ကို
ချိုးဖြတ်တဲ့နည်းပဲ…. အခုနောက်ပိုင်း နည်းပညာတအားမြင့်လာတယ်
လေကသွားတယ်…. ရေကသွားတယ်
အခု မြေလျှိုးတဲ့ လက်နက်တွေ တောင်…. ပရော့ဂျက်စနေကြပြီ…..
*ဟုတ်
**စစ်ရေးအမြင်မရှိတဲ့ နိုင်ငံခေါင်းဆောင်ဆိုရင်…
အဲဒီမြေလျှိုးယာဉ်တွေက တီသတ်ဖို့လား မေးနေမှာပေါ့….
*အေးဗျာ မှတ်သားစရာကောင်းတဲ့ အချက်တွေပါပဲ……။
http://www.bawacheyar.com/2012/10/blog-post_16.html
မှကူးယူဖော်ပြသည်။

0 comments:

Post a Comment