Subscribe:
Welcome To International Political Media Groups(IPMG)

Pages

Wednesday, April 25, 2012

လာမယ့်တနင်္ဂနွေနေ့မှာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံကို သွားရောက်မယ်

နယူးရောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ တနင်္လာနေ့က မြန်မာ့ မိတ်ဆွေနိုင်ငံများ အစည်းအဝေး အပြီး ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းရဲ့ ပြောဆိုချက်တွေကို တင်ပြထားပါတယ်။

ဒီတခေါက် သူသွားမယ့် အခြေအနေဟာ အရင်က နဲ့ မတူတော့တဲ့
အကြောင်း အတွင်းရေးမှုးချုပ်က သတင်းထောက်တွေကို ပြောပါတယ်။

"ကျနော် မြန်မာပြည်ကိုသွားခဲ့တာ နှစ်ကြိမ်ရှိပါပြီ။ ပထမတကြိမ်က ၂၀၀၈ ဆိုင်ကလုန် မုန်တိုင်း အပြီးနဲ့ ၂၀၀၉ ခုနှစ် ကတော့ ဒုတိယအကြိမ်ပါ။ ဒီတကြိမ်မှာတော့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးလုံးကို ကိုယ်တိုင်ကိုယ်ကျ ဂုဏ်ပြုစကားပြောကြားနိုင်ဖို့လည်း ကျနော်အနေနဲ့ မျှော်လင့်ပါတယ်။"

လက်ရှိမြန်မာနိုင်ငံက အပြောင်းအလဲတွေနဲ့ပတ်သက်လို့ မြန်မာ့မိတ်ဆွေ
နိုင်ငံများအဖွဲ့ အနေနဲ့ တညီတညွတ်တည်း အသိအမှတ်ပြုကြောင်းလည်း မစ္စတာ ဘန်ကီမွန်းက အခုလို ပြောပါတယ်။

"လွန်ခဲ့တဲ့ တနှစ်ခွဲကျော်လောက်ကစပြီး မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့

Saturday, April 21, 2012

ဥပဒေကိုလက်တလုံးခြားလုပ်နေသူများ

ဧပြီလတစ်ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မှီညတွင် ဒဂုံဆိပ်ကမ်းမြို
့နယ် ၆၇ ရပ်ကွက် ရပ်ကျေးကော်မရှင် ဥက္ကဌ ဦးဘထွန်းအား ကြံ့ ဖွံ့  အမတ်လောင်း
ဦးအောင်ဝင်းမှ အင်အားသုံးဝင်ရောက် ၍ ကိုယ်ထိလက်ရောက်စော်ကားကြောင်း
သိရပါသည်။
အဆိုပါည ဆယ်နာ၇ီအချိန်ခန့် တွင် ကြံ့ ဖွံ့ ကိုယ်စာလှယ်လောင်း
ဦးအောင်ဝင်းဥိးဆောင်သော ကြံ့ ဖွံ့  အင်အား 30 ခန့် အပါအ၀င် ကားသုံးစီးခန်
့သည် ဥိးဘထွန်းနေအိမ်ေ၇ှ့ တွငိ  ဆိုက်ရောက်လာပြီး ဦးဘထွန်းမှ
ဥိးအောင်ဝင်းအား xxx ဟာ ...အဘဦးအောင်ဝင်းပါလား ...ညကြီးအချိန်မတော်ဘာကိစ္စလဲ
ခင်ဗျ..ကြွပါခင်ဗျာ..ကြွပါ xxx ဥိးဘထွန်းမှ ယဉ်ကျေးပျူဌာစွာ ဧည့် ခံသော်လည်း
ဦးအောင်ဝင်းမှ xxx ဟေ့ ကောင် ဘထွန်း မင်းကို ပါးရိုက်မလို့  ငါလာခဲ့ တာ

Friday, April 20, 2012

မင်းကိုနိုင် တို့ သံချပ်အဖွဲ့ ကို တိုက်ခိုက်သူတွေ သံလျှင်ရဲစခန်းက လိုက်လံဖမ်းဆီးလျှက်ရှိ ညနက်ပိုင်းအထိ (၇) ဦး ဖမ်းဆီးမိထား



ဧပြီလ ၁၆ ရက်နေ့ ၂၀၁၂
 
သန်လျှင်NLDလူငယ်များ စီစဉ်သော သင်္ကြန်မဏ္ဍပ် သို့ ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ ပါဝင်သောသံချပ်အဖွဲ့ ကား ၀င်ရောက်ရပ်နားချိန်တွင် လူ၁၅ ယောက်ခန့် ပါသော လူအုပ်တစုမှ အကြောင်းမဲ့ဝင်ရောက် ရိုက်နှက်မှု တခု ဧပြီလ ၁၅ ရက်နေ့ (သင်္ကြန်အကြတ်နေ့ )ညနေ ၆နာရီ၅ မိနစ်ခန့် က ဖြစ်ပွားခဲ့ပါတယ်။ 

ရိုက်နှက်မှုဖြစ်ဖြစ်ချင်း ကိုမင်းကိုနိုင်ပါဝင်သော ကားကို အမြန်မောင်းရန် ပြောကြားနိုင်ခဲ့မှုကြောင့်

ဒေါ်အောင်ဆန်းစုကြည်အောင်မြင်မှု နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်များ ချီးကျူး



ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကိုယ်စားလှယ်တွေ ဧပြီလ တစ်ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အများစုကြီးအနိုင်ရပြီး လွှတ်တော်ထဲ ရောက်ရှိ သွားမယ့် အောင်မြင်မှုကို နိုဘဲလ်ဆုရှင်များနဲ့ နိုင်ငံ့ခေါင်းဆောင်ဟောင်းတွေ ပါဝင် ဖွဲ့စည်းထားတဲ့ The Elders အဖွဲ့ကြီးက ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ လွှတ်တော်ရဲ့ နေရာ အနည်းစုကိုသာရတယ်ဆိုပေမဲ့ အတိုက်အခံပါတီတွေအဖြစ် ရှေ့လျှောက် ဒီမိုကရေစီလမ်းစဉ်ကို ဖော်ဆောင်ရာမှာ အပြုသဘောဆောင်တဲ့ ပထမခြေလှမ်းကို

ကိုမင်းကိုနိုင် နှင့် သံချပ်ဖျော်ဖြေရေး အဖွဲ့ သံလျှင်မှာ တိုက်ခိုက်ခံရ

သန်လျင် ရွာမပိုင်း သင်္ကြန်မဏ္ဍပ်မှ ကောင်းမွန်ချောမွေ့စွာအပြန်(ဓါတ်ပုံ-88 Generation Students)
ဧပြီလ (၁၅) ရက်နေ့  ၂၀၁၂

ကိုမင်းကိုနိုင် သံချပ်ဖျော်ဖြေရေး အဖွဲ့ ညနေ ၆နာရီ ၅ မိနစ်မှာ သံလျင် ရှိ ကိုညီညီဦး မဏ္ဍပ်ကို ရောက်။ အဖွဲချုပ်လူငယ်အချို့မှ လက်ပြ နှုတ်ဆက်နေစဉ် ဘတ်စ်ကား တစီးနောက်မှ လူ ၁၅ယောက်ခန့် က ရန်ပြုတိုက်ခိုက် ရာ ကိုမင်းကိုနိုင်တို့ ယာဉ်အား အမြန်မောင်းနှင်ထွက်ခိုင်းလိုက်ပြီး ကာကွယ်ပေးသူ သန်လျင် လူငယ် သုံးဦးမှာ စိုးရိမ်ရလောက်သော ဒါဏ်ရာများရပြီး နှစ်ဦးမှာ သာမန် ဒါဏ်ရာရရှိထားပါ
တယ်။

 ထို ၁၅ ယောက်အုပ်စု အနက် နှစ်ဦးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး အကျီ ၀တ်ဆင်ထားပြီး မိန်းကလေး တဦးပါဝင်၊

ဧပြီလ(၂၅)ရက် နောက်ပိုင်း မြန်မာနိုင်ငံအလယ်ပိုင်း ဒေသအချို့တွင် မိုးရွာသွန်းနိုင်

ဘင်္ဂလားပင်လယ်အော်မှာ လက်ရှိဖြစ်နေတဲ့ တိမ်တွေဟာ ဧပြီလ(၂၆) ရက်နဲ့ (၂၇) ရက် တွေမှာ  မြန်မာနိုင်ငံကို ရောက်ရှိလာဖွယ် ရှိပြီးံအလယ်ပိုင်းဒေသတွေမှာ
မိုးရွာသွန်း နိုင်ဖွယ်ရှိ တယ်လို့ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။

ဒါ့အပြင် ဘင်္ဂလား ပင်လယ်အော်မှာရှိတဲ့ လေပွေလိုင်းတွေဟာ မြန်မာနိုင်ငံတောင်ပိုင်းကို ဖြတ်သန်းခဲ့ရင် တော့ ဧပြီလ (၂၆) ရက်နဲ့ (၂၇) ရက်နောက်ပိုင်းမှာ တနင်္သာရီမြစ်ဝကျွန်းပေါ်ဒေသ တွေမှာလည်း မိုးရွာသွန်း မှာ ဖြစ်တယ်လို့ အဆိုပါဌာနက ခန့်မှန်းထားပါတယ်။အခုလို

WCDMA Sim Card များကို ကြိုတင်ရောင်းချခြင်းမရှိဘဲ ဧပြီလ၂၃ ရက်နေ့မှ စတင် ရောင်းချမည်

လာမည့် ဧပြီလ ၂၃ ရက်နေ့မှာ စတင်ရောင်းချမယ့်WCDMA Sim Card တွေကို ဧပြီလ ၉ ရက်နေ့က ထွက်ရှိခဲ့တဲ့ GSM Sim Card  များလို ကြိုတင်ရောင်းချ
မှုများမပြုလုပ်ဘဲ ဧပြီလ ၂၃ ရက်နေ့မှသာ စတင်ပြီး ရောင်းချသွားမှာဖြစ် တယ်လို့  E-Lite teach IT

သီရိလင်္ကာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာရှဖွံ့ဖြိုး ရေးဘဏ်မှ ထောက်ပံ့ကူညီမည်

သီရိလင်္ကာနိုင်ငံအတွင်း ပြည်တွင်းစစ်ပွဲပြီးတဲ့နောက်ပိုင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အာရှ ဖွံ့ဖြိုးရေးဘဏ်က ချီးကျူးပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင်
၂၀၁၃ ခုနှစ် အတွင်းမှာ သီရိလင်္ကာနိုင်ငံရဲ့   စီးပွားရေးဟာ တည်တည် ငြိမ်ငြိမ်နဲ့ ဖွံ့ဖြိုး တိုးတက် လာမှာ ဖြစ်ကြောင်း အာရှဖွံ့ ဖြိုးရေးဘဏ်က ခန့်မှန်းထားပါတယ်။ သီရိလင်္ကာ အစိုးရရဲ့ ဘဏ္ဍာရေး မူဝါဒတွေ ကလည်း နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုကို ၈ ရာခိုင်နှုန်းကျော် အထိ အလွယ် တကူ တိုးတက် လာစေနိုင်မှာ ဖြစ်ကြောင်း အာရှ ဖွံ့ဖြိုးရေးဘဏ်ရဲ့  ညွှန်ကြားရေး မှူး ရီတာ အိုဆူလဗန်

ထိုင်းမြေတွင် မြန်မာစိတ်ဓါတ်ကို ထုတ်ပြရန် အသင့်ဟုရန်ကုန်အသင်းအုပ်ချုပ်သူ ဦးအောင်ကျော်လွင် ပြောကြား

ရန်ကုန် အသင်း အုပ်ချုပ်သူ ဦးအောင်ကျော်လွင်က ထိုင်း ကလပ် ချောင်ဘူရီ အသင်းနှင့် ရင်ဆိုင်မည့် ပွဲစဉ်တွင် ဘုရင့်နောင် စိတ်ဓါတ်ဖြင့် အကောင်းဆုံး ရင်ဆိုင် သွားမည်ဟု ကြုံးဝါးသည်။

ဦးအောင်ကျော်လွင်က ချောင်ဘူရီနှင့် ပွဲတွင် ရန်ကုန် အသင်း အနေဖြင့် အနိုင်မှ တစ်ပါး အခြား ရလဒ်များကို မျှော်လင့် မထားကြောင်း၊ ထိုင်းမြေတွင် မြန်မာ နိုင်ငံ ကိုယ်စားပြု ကလပ် အသင်း တစ်သင်း အနေဖြင့် အကောင်းဆုံး လုပ်ပြ နိုင်မည်ဟု ယုံကြည်ကြောင်း၊ ချောင်ဘူရီ နည်းပြ၏ ပြောစကား များသည် ၎င်းတို့၏ အဆင့်အတန်းနှင့် ရပ်တည်မှုကို တိုက်ရိုက် ဖော်ပြရာ ရောက်သည်ဟု ယုံကြည်ကြောင်း ပြောသည်။

ချောင်ဘူရီ နည်းပြချုပ် ၀ီသာရ လာဟူကူက ရန်ကုန်မြေတွင် ကစားခဲ့သည့် ရန်ကုန် (၁-၁) ချောင်ဘူရီ

Sunday, April 8, 2012

KNU ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ


ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ KNU ကရင်အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်နဲ့ အဖွဲ့ကို တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ ဒီကနေ့ ၂ နာရီလောက် တွေ့ဆုံ
ဆွေးနွေး ပြီးတဲ့နောက် ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလို ပြောလိုက်တာပါ။

"ကျွန်မတို့ အမျိုးသားဒီမိုကရေဒီအဖွဲ့ချုပ်ရဲ့ ဦးတည်ချက်ဟာ စစ်မှန်တဲ့ ဒီမိုကရေးစီ ပြည်ထောင်စုဖြစ်တာမို့လို့ တိုင်းရင်းသားများအားလုံးဟာ စုစုစည်းစည်းနဲ့ ဒီဖြစ်စဉ်ထဲမှာ ပါဝင်ရမယ်ဆိုတာ ကျွန်မတို့ရဲ့ ယုံကြည်ချက်လည်း ဖြစ်ပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး သတင်းထောက်တွေရဲ့

Saturday, April 7, 2012

ငြိမ်းချမ်းရေးအဖွဲ့နဲ့ RCSS ထပ်မံတွေ့ဆုံမည်

အပစ်အခတ်ရပ်စဲထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS အဖွဲ့ဟာ နယ်မြေသတ်မှတ်ရေး အပါအ၀င် မပြေလည်သေးတဲ့ ပြဿနာတွေ ဖြေရှင်းနိုင်ဖို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ဒီလကုန်ပိုင်းမှာ ဒုတိယအကြိမ် တွေ့ဆုံမယ်လို့ သိရပါတယ်။
RFA
RSCC ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၏ ဌာနချုပ် လွိုင်တိုင်းလျန်းတွင် ကျင်းပသော ၂၀၁၀ ခုနှစ် ရှမ်းပြည်နယ်နေ့ အခန်းအနားတွင် RCSS တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး အပါအ၀င် အချက် ၁၁ ချက်ကို မူအားဖြင့် သဘောတူ လက်မှတ်ထိုးထားပေမယ့် SSA တောင်ပိုင်းနယ်မြေထဲ အစိုးရတပ်တွေ

သမ္မတဦးသိန်းစိန် နဲ့ ကေအင်ယူတွေ့ဆုံ

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ရောက်ရှိလာခဲ့တဲ့ ကရင်အမျိုးသား အစည်းအရုံးရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့မနက်ပိုင်းမှာ အစိုးရရုံးစိုက်ရာ နေပြည်တော်ကို အထူးလေယာဉ်ဖြင့် သွားရောက်ပြီး သမ္မတ ဦးသိန်းစိန်နဲ့တွေ့ဆုံခဲ့ပါတယ်။

RFA
ကရင်အမျိုးသားအစည်းအရုံး KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် သမ္မတ ဦးသိန်းစိန်တို့ ၂၀၁၂ ခုနှစ် ဧပြီလ ရ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံနေကြစဉ်။
ကေအင်ယူ ကိုယ်စားလှယ်အဖွဲ့ဟာ ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းရဲ့

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်ကို ကယ်တင်ခဲ့ကြောင်း ဦးခင်ညွန့် ပြောဆို

မကြာခင်က နေအိမ် အကျယ်ချုပ်ကနေ ပြန်လည် လွတ်မြောက်လာခဲ့တဲ့ ယခင်နအဖ စစ်အစိုးရ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အသက်အန္တရာယ်က လွတ်မြောက်အောင် မိမိကိုယ်တိုင် ကြားဝင် ကယ်တင်ခဲ့ရကြောင်း တနင်္ဂနွေနေ့က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

AFP
ဝန်ကြီးချုပ်ဟောင်း ဥိးခင်ညွန့် ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးပြီး တွေ့ရပုံ။
ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက တွေ့ဆုံမေးမြန်းရာမှာ အဲဒီလို ပြောဆိုလိုက်တာပါ။
၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့ ဒီပဲယင်း လုပ်ကြံမှုကြီးမှာ စစ်အစိုးရ ကျောထောက်နောက်ခံပြု

လူထုအကျိုးပြုလုပ်ငန်း အမြန်စတင်မည် NLD ကြေညာချက်ထုတ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲ ပြီးသွားတဲ့နောက် လူထုရဲ့ စီးပွားရေး၊ လူမှုရေးတွေ ပြန်လည်ပြုပြင်ရေးမှာ ဒီမိုကရေစီမူတွေနဲ့အညီ အမြန်ဆုံး စတင်ဆောင်ရွက်မယ်လို့ ဒီကနေ့ ကြေညာလိုက်ပါတယ်။
ဒီအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အနည်းဆုံး သိန်းတရာ မ-တည်ပြီး ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်း ဖွဲ့စည်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ကော့မှူးမြို့နယ်မှာ စတင်မှာ ဖြစ်ပေမယ့် တပြည်လုံးမှာ လုပ်ဆောင်သွားဖို့ ရည်ရွယ်ကြောင်း NLD အတွင်းရေးမှူး ဦးဥာဏ်ဝင်းက RFA ကိုပြောပါတယ်။

NLD အနေနဲ့အရင်က ပြောဆိုထားတဲ့အတိုင်း ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ

ကချင်လယ်မြေ ယုဇနကုမ္ပဏီသိမ်းယူမှု အကြောင်းပြန်ကြားချက် မရ


ကချင်ပြည်နယ် ဖားကန့်မြို့နယ်က တောင်သူလယ်သမားတွေရဲ့မြေယာ အသိမ်းခံရတဲ့ ကိစ္စကို NDF အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီဝင် ဒေါ်ဘောက်ဂျာက ဦးဆောင်ပြီး မနှစ်ကတည်းက တရားစွဲဆိုထားတာ အခုချိန်ထိ တစုံတရာ ဘာမှ အကြောင်းပြန်ကြားချက် မရရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့နယ် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဦးတာရှီလာဆိုင်းက
-

"နေပြည်တော်ကို တင်ထားတဲ့ လယ်ယာမြေ ကိစ္စလေ။ ၂၀၁၀ လောက်ကနေ စပြီး သူတို့ လုပ်နေတာ။ ပထမက သူတို့ တစ်ဧကကို ၈ သောင်းနှုန်း ပြောတယ်။ ဒါပေမဲ့ သူတို့ က သိမ်းထားတာ

NLD ကြေငြာစာတမ်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ်(၉၇/ခ)
အနောက်ရွှေဂုံတိုင်လမ်း၊ဗဟန်းမြို့နယ်၊ရန်ကုန် ။
ရက်စွဲ- ၂၀၁၂ ၊ ဧပြီလ ၊၇ ရက် ။
ကြေငြာစာတမ်း

ဧပြီလ (၁) ရက်နေ့ကပြီးမြောက်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲသည် ပြည်သူများ၏ အောင်ပွဲဖြစ်သည်ဟု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အခိုင်အမာ ယုံကြည်ပါသည် ။ နိုင်ငံတစ်နိုင်ငံ၏ ဒီမိုကရေစီဖြစ်စဉ်သည် ပြည်သူများပါဝင်ပါတ်သက်မှသာလျှင် အားလုံးတမ်းတနေကြသည့်စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စုကြီး
ပေါ်ထွန်းလာနိုင်မည်ဖြစ်သည် ။

ထို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲဖြစ်စဉ်တွင် ရှေ့ဆုံးမှ

အောင်မြင်မှုကို ဂုဏ်ပြုသည့်အနေဖြင့် ဗိုလ်ချုပ်ကြေးရုပ်အား သန့်ရှင်းရေးပြုလုပ်

ကြားဖြတ်ရွေးကောက်ပွဲမှာ  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အောင်မြင်မှုကို ဂုဏ်ပြုသည့်အနေဖြင့် မြင်းခြံခရိုင် အောင်နိုင်ရေး အဖွဲ့ဝင်များ စုပေါင်း၍ မြင်းခြံမြို့ မြို့လယ်မှာရှိသည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို ဒီကနေ့ ဧပြီလ ၇ ရက်နေ့ မနက် ၇း၀၀ နာရီအချိန်မှ စတင်၍ နေ့လည် ၁၂း၀၀ အချိန်ထိ သန့်ရှင်းရေး သွားရောက်လုပ်ကိုင်ခဲ့ကြပါသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ကျောင်းသားများနှင့် မြို့ခံလူထုများ အယောက် ၁၀၀ ကျော်စုပေါင်း၍ သန့်ရှင်းရေး လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပါသည်။
အောင်နိုင်ရေး အဖွဲ့ဝင်များဟာ ဗိုလ်ချုပ်ကြေးရုပ် အနီးတဝိုက်မှာ သန့်ရှင်းရေး ပြုလုပ်ခဲ့ကြပြီး လှေကားထစ်များကို ဆေးပြန်သုတ်ခဲ့ကာ ပန်းကုံးများ စွပ်ပြီး ဂုဏ်ပြုခဲ့ကြပါသည်။
" ဒီနေ့တော့ တော်တော် အောင်မြင်ပါတယ်။ ဘာအတားအဆီး နှောင့်ယှက်မှုတွေ မရှိပါဘူး။ လူထုကိုယ်တိုင်က ဒီလို လူမှုကူညီရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နိုင်အောင် လုပ်တဲ့ပုံစံမျိုးနဲ့ လုပ်ကြတာပါ။ ဗိုလ်ချုပ်ကြေးရုပ်ကို မြို့ခံ တွေရော၊ အာဏာပိုင်အဖွဲ့အစည်းတွေရော

မဟာသင်္ကြန်မဏ္ဍပ်များနှင့် သင်္ကြန်ရေပက်ခံထွက်သူများ လိုက်နာရန်နှင့် ရှောင်ကြဉ်ရန် အချက် (၃၉)ချက်ထုတ်ပြန်ထား



ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းနှင့် တံတားဌာနမှ ယခုနှစ်သင်္ကြန်တွင် သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ရာ၌ ဆောင်ရန်၊ ရှောင်ရန်များနှင့် သင်္ကြန်ရေပက်ခံ ထွက်သူများ လိုက်နာရန်နှင့် ရှောင် ကြဉ်ရန် အချက်(၃၉)ချက် ထုတ်ပြန် ထားကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး လမ်းနှင့်တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်) ကို ပြောသည်။
"မဏ္ဍပ်မျက်နှာဖွင့်အကျယ် ၂၅ ပေ အောက်ကို မဏ္ဍပ်အသေး၊ ၂၅ ပေနဲ့ အထက်ကို မဏ္ဍပ်အလတ်နဲ့ ပေ ၅၀ နဲ့ အထက်ကို အကြီးလို့ သတ်မှတ် ထားတယ်။ ဒါပေမယ့် မဏ္ဍပ်အကြီးတွေက မျက်နှာဖွင့်အကျယ်ကို အများဆုံး ပေ ၁၀၀ ထက် ပိုခွင့်မရပါဘူး။ မနှစ်က အမည်ပျက်စာရင်း သွင်းခံရတဲ့ မဏ္ဍပ် တွေကို ဒီနှစ်မှာ ဆောက်ခွင့်ရမှာ မဟုတ်ပါဘူး"ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး လမ်းနှင့်တံတားဌာနမှ

iPay Card ဖြင့် ယာဉ်စီးခ ပေးချေသည့် စနစ် စတင်အသုံးပြု

iPay Card ကတ် အသုံးပြုနေစဉ်
iPay Card ဖြင့် ယာဉ်စီးခ ပေးချေသည့် စနစ်အား ဧပြီလ၂ရက်နေ့ မှစတင်၍ အဓိပတိ အပြာယာဉ်လိုင်း ၌ စတင် အသုံးပြုနေပြီဖြစ်ကြောင်း မထသ(ဗဟို)မှသတင်းရရှိပါသည်။
အဓိပတိ အပြာယာဉ်လိုင်း၌ ထိုစနစ်အား အသုံးပြုရာတွင် ခရီးသည်တင်ယာဉ် ၁၀စီးဖြင့် စတင် အသုံးပြုခြင်းဖြစ်ပြီး ယခုလက်ရှိ၌ ငွေပေးချေရသည့် iPay Card  တစ်ကတ်လျှင် ကျပ်တစ်ထောင်နှုန်းဖြင့် ရောင်းချ ပေးလျက် ရှိကာ ယင်းကတ်၌ ကတ်တန်ဖိုးကျပ်သုံးရာနှင့် ယာဉ်စီးခကျပ် ခုနစ်ရာပါဝင်ကြောင်း သိရသည်။ ထို့အပြင်အဆိုပါ iPay Card  အား စတင် အသုံးပြုသည့်နေ့၌

Friday, April 6, 2012

မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် အကြောင်းကြားစာနှင့် ပတ်သက်၍ မဟုတ်မှန်ကြောင်း ကချင်ပြည်နယ် ပြည်နယ်ဝန်ကြီးချုပ် တရားဝင်ငြင်းဆို


အင်တာနက် စာမျက်နှာများနှင့် လူမှုကွန်ရက်မှတစ်ဆင့် ပျံ့နှံ့နေသော မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် အကြောင်းကြားစာနှင့် ပတ်သက်၍ Eleven Media Group ၏ ဆက်သွယ်မေးမြန်းမှုကို ကချင်ပြည်နယ် ပြည်နယ် ၀န်ကြီးချုပ်က ယင်းစာမှာ မဟုတ်မှန်ကြောင်း တရားဝင်ငြင်းဆို လိုက်ပါသည်။

အဆိုပါ စာသည် 'မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန်အတွက် လိုအပ်သော ပစ္စည်းများကို

လျှပ်စစ်စက်ရုံများ ပြန်လည်လည်ပတ်နိုင်ရန် သဘာဝဓာတ်ငွေ့များ တောင်းခံသွားမည်

ရန်ကုန်မြို့တော်ကို လျှပ်စစ်မီး ပိုပေးနိုင်ရန် တရုတ်နိုင်ငံနှင့် ဖက်စပ် လုပ်ကိုင်နေသည့် ရွှေလီရေအားလျှပ်စစ်မှ လျှပ်စစ်ဓာတ်အားများပြန်လည် ၀ယ်ယူမည့်အပြင် ရပ်နားထားရသည့် သဘာဝဓာတ်ငွေ့သုံး ရေအားလျှပ်စစ်များ ပြန်လည်လည်ပတ်နိုင်ရန် သဘာဝဓာတ်ငွေ့များ တောင်းခံသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တာ် လျှပ်စစ်ဓာတ်အားပေးအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်က ဧပြီလ ၆ရက်နေ့တွင် ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်က "တစ်ဖက်မှာလည်း ကျွန်တော်တို့မှာ သဘာဝဓာတ်ငွေ့တာ ဘိုင်စက် ၅လုံးရှိပါတယ်။ လည်နိုင်ဖို့ ဓာတ်ငွေ့လိုပါတယ်။ အဲဒီအတွက် ဓာတ်ငွေ့ရအောင်ကြိုးစားနေပါတယ်။ အဲဒီ ဓာတ်ငွေ့ရရင် ၆၉  မဂ္ဂါဝပ်လောက် ထပ်ထုတ်နိုင်ဖို့ရှိပါတယ်။ ရပ်ထားတဲ့ သဘာဝဓာတ်ငွေ့သုံး စက်၅လုံးအတွက် သဘာဝဓာတ်ငွေ့လိုအပ်ချက် ကုန်းတွင်းဓာတ်ငွေ့ ကုဗပေ ၂၄ သန်း၊ ကမ်းလွန် ၁၁ ကုဗပေသန်းကို တောင်းထားပါတယ်။ ဒီပမာဏကို ဘယ်နေရာကနေရရ စီစဉ်ပေးနိုင်ရင်  မဆိုးပါဘူး။ ရန်ကုန်အတွက် ရနိုင်သမျှ

ရန်ကုန်တိုင်းဒေသကြီး ညဘက်မီးအပြည့်အဝ ပြန်ရမည်



ရန်ကုန်၊ ဧပြီ ၆

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် များကို ဧပြီလ၂ရက်နေ့မှစတင်ကာ မြိုနယ်တစ်ခုလျှင် အုပ်စုအေ၊ ဘီ၊စီ ဟူ၍ ၆ နာရီခြားတစ်ခါ အလှည့်ကျမီးပေးခဲ့ရာမှ ယခုလ၆ရက်နေ့မှ စတင်ပြီး ညလုံးပေါက် မီးအပြည့်အဝ ပြန်လည် ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်က ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ် အားပေးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ယနေ့ ညနေ ၃ နာရီတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှင့် ထုတ်လုပ်မှုညီမျှလုံလောက်မှုမရှိခြင်းကြောင့်

Wednesday, April 4, 2012

မြန်မာအပေါ် အနောက်တိုင်း၏ ပိတ်ဆို့မှုများ ရုတ်သိမ်းရန် အာဆီယံတောင်းဆို



ဖနွမ်းပင်၊ ဧပြီ- ၎
အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များသည် အဖွဲ့၏ အဆင်းရဲဆုံးနိုင်ငံများထဲမှ တစ်ခုအပါအ၀င် ဖြစ်သော မြန်မာနိုင်ငံအား ပိတ်ဆို့အရေးယူမှုများ နိုင်ငံတကာအသိုင်းအ၀ိုင်းအား တိုက်တွန်းလိုက်သည်။

ဖနွမ်းပင်မြို့တွင် နှစ်ရက်ကြာ ကျင်းပခဲ့သည့် နှစ်စဉ်အာဆီယံထိပ်သီးဆွေးနွေးပဲ
ွအပြီးတွင် အဓိကအတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က အနိုင်ရခဲ့သော သမိုင်းဝင်ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်၍ အာဆီယံက အနောက်တိုင်းအား မြန်မာအပေါ်

အချိန်ပိုင်းလျှပ်စစ်မီးကြောင့် ရန်ကုန်လူထု စိတ်ပျက်



ရန်ကုန်၊ ဧပြီ - ၂

ရွေးကောက်ပွဲကျင်းပအပြီး စတင်သည့် အလှည့်ကျ မီးပေးစနစ်ကြောင့် ရန်ကုန်မြို့လူထုမှာစိတ်ပိုင်းဆိုင်ရာမပျော်ရွှင်မှုများနှင့်စတင်ကြုံတွေ့နေရပြီး လုပ်ငန်းများတွင်လည်း ကုန်ကျစရိတ် တိုးလာနိုင်ကြောင်း မြို့ခံတို့က ပြောဆိုကြသည်။

“မီးပြတ်တာကတော့ ရွေး ကောက်ပွဲနဲ့ မဆိုင်ဘူးထင်တယ်။ အုပ်ချုပ်မှုယန္တရား ညံ့တယ်လို့ပဲ ထင်တယ်။ ရာသီဥတုပူပြင်းတဲ့ ဒဏ်ကို ခံနေရတဲ့အချိန်မှာ အိမ်ပြန်လာတော့ မီးကမလာတော့ စိတ်ညစ်စရာတွေဖြစ်ပြီး

ရွေးကောက်ပွဲပြီးနောက် တနိုင်ငံလုံး လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပျက်နေ



လတ်တလော လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပျက်နေတာဟာ ရန်ကုန်တင်မက
အခြားမြို့ကြီးတွေနဲ့ တစ်နိုင်ငံလုံးမှာ ပျက်နေတာဖြစ်ကြောင်း
စုံစမ်းသိရပါတယ်။ မန္တလေးမြို့မှာဆိုရင် ပြည်သူတွေ မီးမရလို့ မီးစက်၊
အင်ဗာတာ၊ ဖယောင်းတိုင် အသုံးပြုနေရသလို ဆေးရုံလို သတင်းစာတိုက်လို

တောင်ကြီးမှာ မိုးသက်လေပြင်းရုတ်တရက်ကျရောက် (သတင်းဓာတ်ပုံ)

သင်္ကြန်ရက် များတွင်လည်း အလှည့်ကျ လျှပ်စစ်မီး ပေးဝေ သွားမည်

 မကြာမီ ကျရောက်မယ့် နှစ်သစ်ကူး သင်္ကြန်ရက် များမှာလည်း လျှပ်စစ်မီး ပေးဝေမှုကို မြို့နယ် တိုင်းမှာ အလှည့်ကျ ပေးဝေ သွားမှာ ဖြစ်တယ်လို့ အမှတ် ၂
လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာန၊ ရန်ကုန် မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူ ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီလို အလှည့်ကျ မီးပေးဝေ သွားမယ့် သင်္ကြန်ရက် တွင်းမှာ

သူတို့ဆက်ပြီး မစောင့်နိုင်တော့ဘူး

 ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်တဲ့အထိ သူတို့ မစောင့်နိုင်တော့။ ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးတွေ စည်းဝေးတဲ့အထိ သူတို့ မစောင့်နိုင်တော့။ ပိုမိုလုံခြုံစွာ ရင်းနှီးမြှုပ်နှံမှုတွေ အာမခံတဲ့အထိ သူတို့ မစောင့်နိုင်တော့။
အဲဒီအစား ရန်ကုန်မှာ လုပ်တဲ့ပွဲက ဘာတွေရမှာလဲဆိုပြီး ဂနာမငြိမ် တကြွကြွ ဖြစ်နေသူတွေကတော့ ကမ္ဘာတလွှား ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေး ကုမ္ပဏီ ကြီးငယ်တွေရဲ့ အမှုဆောင်အရာရှိတွေပါပဲ။


ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့ရေးမှာ တရုတ်နိုင်ငံအတွက် အရေးပါတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းခွင်တခု (ဓာတ်ပုံ-ဧရာဝတီ)
“Gearing Up for the Emerging Oil and Gas Opportunities” (ပေါ်ထွန်းလာနေသော ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ အခွင့်အလမ်းများအတွက် အရှိန်မြှင့်ခြင်း) လို့ အမည်ရတဲ့ အစည်းအဝေးက စွဲဆောင်မှု အတော်ရှိပါတယ်။ နိုင်ငံ ၂၀ က ဒါဇင်နဲ့ချီတဲ့ ကိုယ်စားလှယ်တွေဟာ ကမ်းလွန်နဲ့ ကုန်းတွင်းလုပ်ကွက် ၃၀ က အလုပ်ဖြစ်နိုင်ချေ ဒါမှမဟုတ် ဒိထက် ဘာပိုရနိုင်မလဲဆိုတာ လက်မလွှတ်ရဖို့ တက်ခဲ့ကြပါတယ်။
“မြန်မာ့ကမ်းလွန်နဲ့ ကုန်းတွင်း ရင်းမြစ်တွေကို ရင်းနှီးမြှုပ်နှံသူတွေ

စာမတတ်သူလင်မယား မဲပေးမည့်ကိစ္စအား ရိုင်းစိုင်းစွာ တားမြစ်သည့် ရာအိမ်မှူးအား မြို့နယ်တရားလွှတ်တော် သို့တိုင်ပြီ



ကျေးလက်က ဆင်းရဲသားတချို့ ရဲ့ နားခိုးရာပါ
ပုသိမ် ဧပြီ ၄ ရက်၊ ၂၀၁၂ ခုနှစ်၊ မျိုးမင်း (YPI)

မတ်(၃၁)ရက်နေ့က ရွာသစ်တိုက်နယ၊် စပါးထားကျေးရွာ တွင် စာမတတ်သူ ကိုဖိုးသက်ရှည် နှင့် မမြင့် ကြည် တို့လင်မယားနှစ်ဦးမဲပေးမည့်ကိစ္စကို မေးမြန်းပြီး ရိုင်းစိုင်းစွာပြောဆို တားမြစ်ခဲ့သော ရာအိမ်မှူး ဦးပိုးတုတ်အား အရေးယူပေးပါရန် အဆိုပါ လင်မယားက မြို့နယ်တရားလွှတ်တော်သို့ ဦးတိုက် တိုင်ကြားလိုက်ကြောင်းသိရှိ ရသည်။

“ ကျနော်တို့လင်မယားက စာကို ရေးလည်းမရေးတတ် ဖတ်လည်းမဖတ်တတ်ဘူး ကြုံရာလုပ်ပြီးထမင်း စားနေရတာ၊ အဲဒီနေ့က  မနက်ကိုးနာရီခွဲ လောက်မှာ သူ(ရာအိမ်မှူး) ရောက်လာပြီး

သေနတ်ဖြင့် ပစ်ခံရသူ ဦးသိန်းဇော်အား ပြည်သူ့ဝန်ထမ်းကို မချေမငံ ပြောဆို ဆက်ဆံ မှုဖြင့် အမှုဖွင့် ထား



လှည်းကူးမြို့နယ်တွင် ရာအိမ်မှူးကို ဗိုလ်ကြီးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွား

 ရေးသားသူ - ကျော်မြတ်ဇံ

လှည်းကူးမြို့နယ် အမှတ်(၁) စစ်အခြေခံ လေ့ကျင့်ရေးတပ်မှ ဗိုလ်ကြီး တစ်ဦး လှည်းကူးမြို့နယ် ရာအိမ်မှူးနှင့် အချင်းများရာမှ အဆိုပါ ရာအိမ်မှူးကို ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ဖြစ်ရပ်တစ်ခု ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့ သည့် ဧပြီ(၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ် မှာ ယင်းနေ့ ည ၈ နာရီအချိန် ဦးသိန်းဇော် (၃၃)နှစ် ရာ အိမ်မှူး ပန်းတောကုန်းကျေးရွာ ၊ ဖောင်ကြီး အရှေ့ကျေးရွာ အုပ်စု လှည်းကူးမြို့နယ် နေသူသည် ရပ်ကွက် အုပ်ချုပ် ရေးမှူး၏ တာဝန်ပေးချက်အရ လှည်းကူးမြို့နယ် “၀” ဂိတ်သို့

1804 ငွေဒဂ်ါးပြား အစစ်ဟု ယူဆရသော 1804 အမှတ်တံဆိပ်ပါ LIBERTY ဒဂ်ါးပြားတခုတွေ့ ရှိ



1804 နှင့်  LIBERTY စာတမ်းပါ ပလက်တီနမ်ငွေဒဂ်ါးပြားတခုအား မြို့ တမြို့ နယ်မှာ IPMG မှ Admin Reporter ဖြစ်သူ ကိုနေသော်မှ စတင်တွေ့ ရှိခဲ့ ပါတယ်။ အဆိုပါ ငွေဒဂ်းပြားအား အမေရိက ရှိ 1804 ဒဂ်ါးပြားအတွက် ပြန်လည်အလိုရှိသော ၀က်ဆိုက်များကိုဝင်ရောက်ကြည့် ရှုခဲ့ ပြီး အဆိုပါ ဒဂ်ါးပြားကို စစိဆေးရာ ၀က်ဆိုက်တခုရှိ စစ်ဆေးပုံစစ်ဆေးနည်းနှင့်  ကိုက်ညီမှု၇ှိကြောင်းတွေ့ ရှိခဲ့ ရပါသည်။ အဆိုပါ ကိစ္စနှင့်  ဆက်လျင်း၍ ထို ဒင်္ဂါးပိုင်ရှင်အား မေးမြန်းကြည့် ရာ " ဒီပစ္စည်းက ဥိးတို့ အဘ၇ဲ့ အဖေ လက်ထက်ကတည်းက၇ှိခဲ့ တာ မြန်မာနိုင်ငံကို အဂ်လိပ်တွေ ၀င်တုန်းက အဂ်လိပ်စစ်ဗိုလ် တယောက် သေနတ်ဒဏ်ရာရလို့  အဲ့ တာ အဘရဲ့ အဖေက ကယ်ခဲ့ တာ

တရားသူကြီးကတော်မှ မီးပူဖြင့် အကပ်ခံရသော အသက်(၁၅)နှစ်အရွယ် အိမ်ဖော်မလေး



အိမ်ဖော်မလေး မအေးယုအောင် အသက်(၁၅)နှစ်
ပဲခူးမြို့ဒုတိယမြို့နယ်တရားသူကြီးကတော်မှ အိမ်ဖော်မိန်းကလေးကိုရက်စက်စွာ မီးပူဖြင့် ကပ်နှိပ်စက်မှုကို အမှုမဖွင့်ရဲ ....
မီးပူဖြင့် အကပ်ခံရသော အသက်(၁၅)နှစ်အရွယ် အိမ်ဖော်မလေး

(၂၅၊ ၃၊ ၂၀၁၂)ရက်နေ့ ည (၁၂)နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့  ဥဿာမြို့ သစ်၊ အမှတ်(၇)ရပ်ကွက်၊ ဗိုလ်တေဇလမ်း၊ ပဲခူးတိုင်းဒေသကြီး၊ လွှတ်တော်ဥက္ကဌ ဦးဝင်းတင်၏အိမ်တွင်ငှားနေသော ပဲခူးမြို့  ဒုတိယမြို့ နယ်တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ အိမ်ဖော်မလေး မအေးယုအောင် အသက်(၁၅)နှစ်အား မီးပူတိုတ်

ဦးအောင်သောင်း၏ မဲဆွယ် စည်းရုံးရေး ယာဉ်တန်းမှ တိုက်မိ၍ သေဆုံးခဲ့သူ၏ ဇနီးနှင့်မိသားစု ဒုက္ခရောက်နေ




By ဇာဏီ၊ မတ်လ ၃၁ ရက်နေ့၊ ၂၀၁၂ ခုနှစ်။
ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးအောင်သောင်းနှင့် အဖွဲ့ စစ်ကိုင်းတိုင်း ဝက်လက်ကျေးရွာသို့ မဲဆွယ်စည်းရုံးရေးဆင်းစဉ် နတ်နွားတော်ပို့ရွာအနီး ဦးကံစိန် (အသက် ၃၈ နှစ်) ကို စည်းရုံးရေးယာဉ်တန်း ကားတစီးက တိုက်မိပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားသည့် ဖြစ်ရပ်တွင် အဆိုပါ သေဆုံးသူ၏ ဇနီးသည်ကို အခုအချိန်အထိ လျော်ကြေး ပေးလျော်ခြင်း မရှိသည့်အပြင် နွားထိုးကြီးမြို့နယ် ရဲစခန်းမှူးနှင့်

ပြည်ထောင်စုလွှတ်တော်တွင် NLD ကိုယ်စားလှယ် ၆.၄% ရှိမည်

 မျိုးသန့်၊ ကိုပေါက် | အင်္ဂါနေ့၊ ဧပြီလ ၀၃ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၁၁ မိနစ်

မဇ္ဈိမသတင်းဌာန ။        ။ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရရှိမှု ရလဒ်များအား ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်မှ အင်္ဂါနေ့ညနေတွင် ပြီးသတ်ကြေညာလိုက်ပြီးနောက် တွက်ချက်ရရှိသည့် စာရင်းများအရ နေပြည်တော်ရှိ
ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ် ၆.၄ ရာခိုင်နှုန်း ရရှိမည်ဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်၏  အင်္ဂါနေ့ကြေညာချက်အရ အနိုင်ရရှိသူ ငါးဦးတွင် NLD ကိုယ်စားလှယ် သုံးဦး ထပ်မံ ပါဝင်လာသည်။

ပြည်သူ့လွှတ်တော်အတွက် တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်မှ ဒေါ်တင်တင်ရီနှင့် စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်တို့မှ
ဒေါ်ခင်မွှေးလွင်တို့ အရွေးချယ်ခံရပြီး စစ်ကိုင်းတိုင်း အမျိုးသားလွှတ်တော် အမှတ် ၃ အတွက် ဒေါက်တာမြင့်နိုင် က NLD ကိုယ်စားလှယ်များအဖြစ် အရွေးချယ်ခံရခြင်း ဖြစ်သည်။

တနင်္လာနေ့က ထုတ်ပြန်သည့် ကော်မရှင်၏ ကြေညာချက်အရ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ ၃၅ နေရာ၊ အမျိုးသားလွှတ်တော် သုံးနေရာနှင့် တိုင်းဒေသကြီးလွှတ်တော် နှစ်နေရာတို့တွင် NLD က အနိုင်ရရှိထားပြီး ဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် NLD ပါတီသည်  ပြည်သူ့လွှတ်တော် ၃၇ နေရာ၊ အမျိုးသားလွှတ်တော် ၄ နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် ၂ နေရာတို့တွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲအတွင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သည့် အမျိုးသား လွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးမှာ NLD သို့ ကူးပြောင်းလာ၍ NLD အတွက် အမျိုးသားလွှတ်တော် အမတ်နေရာ ၅ နေရာ ရရှိမည် ဖြစ်သည်။



ထို့ကြောင့် NLD ၏ လွှတ်တော်အမတ် စုစုပေါင်းမှာ ၄၄ ယောက်ရှိနေသည်။

ထို NLD လွှတ်တော်ကိုယ်စားလှယ် ၄၄ ဦးအနက် နှစ်ဦးမှာ

အချုပ်ခန်းဖောက်မှုကြောင့် သေနတ်ဖြင့်ပစ်ခတ် နှစ်ဦးသေ ဆယ်ဦးဒဏ်ရာရ



ရန်ကုန် ၊ ဧပြီ ၃

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ရဲစခန်းရှိ အမျိုးသားအချုပ်ခန်းမှ
တရားခံများက ဧပြီ ၂ရက်နေ့ နံနက် ၂နာရီ ၁၅မိနစ်ခန့်တွင် အချုပ်ဖောက်ရန်
ကြိုးစားမှုကြောင့် ရဲတပ်ဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ အချုပ်သား
နှစ်ဦး သေဆုံးပြီး ဆယ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့်
ယင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ရဲစခန်း အချုပ်ခန်းအမှတ် (၃) ခန်းတွင် သစ်သားဖြတ်သံ ကြားရသဖြင့်
တာဝန်ကျကင်းမှ ကြည့်ရှု့ စစ်ဆေးရာ အချုပ်တံခါးသစ်တန်းသားများကို ဖျက်ဆီးကာ
ဘူးဝ တံခါး (အချုပ်ခန်း အပြင်တံခါး) သို့ ရောက်ရှိနေပြီဖြစ်၍
ဝိုင်းဝန်းတာဆီးခဲ့သော်လည်း လိုက်နာခြင်းမရှိသည့်အတွက် သေနတ် ၅ချက်
အပေါ်ထောင်ဖောက်ကာ

NLD အနိုင်ရရှိမှု သမ္မတဦးသိန်းစိန် ကြိုဆို



ရွေးကောက်ပွဲတွေကို အောင်အောင်မြင်မြင် ကျင်းပ နိုင်ခဲ့တယ်လို့ သမ္မတပြော

မြန်မာသမ္မတ ဦးသိန်းစိန်က တနင်္ဂနွေနေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က အပြတ်အသတ်နဲ့ အနိုင် ရရှိသွားတဲ့အပေါ် ကြိုဆိုထောက်ခံကြောင်း ပြောကြား လိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ

မြေငှားနေသူများအား ပြောင်းရွှေ့ပေးရန် ယာဉ်ထိန်းရဲတပ်ဖွဲ့ဖိအားပေး



ဧပြီ၊ ၃၊ ၂၀၁၂ ခုနှစ် (YPI)

တာမွေမြို့နယ်၊ မာန်အောင်ရပ်ကွက်၊ မာန်အောင်ရဲရိပ်သာစိုက်ပျိုးမြေတွင် ငှားရမ်းနေထိုင်သူများအား ပြောင်းရွှေ့ပေးရန်အတွက် မြေပိုင်ရှင်ဖြစ်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဖိအားပေးလျက်ရှိကြောင်း ယင်းမြေတွင် လေးနှစ်ကြာ ငှားရမ်းနေထိုင်ခဲ့သူတစ်ဦးဖြစ်သည့် ဦးမောင်မောင်ကပြောသည်။

“ ကျွန်တော်တို့ကို ပြောင်းမပေးရင် ဖမ်းမယ်ဆိုပြီး

ပိတ်ဆို့မှု ရုတ်သိမ်းရေး အနှေး အမြန် အီးယူ သဘောကွဲ




မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့အရေးယူထားတာတွေ အားလုံးကို ပြန်လည် ရုတ်သိမ်းဖို့ အနောက်နိုင်ငံတွေကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက တောင်းဆိုခဲ့ကြပါတယ်။

ဥရောပသမဂ္ဂ အီးယူ ကလည်း မြန်မာအပေါ် ပိတ်ဆို့မှုတွေ ပြန်ရုပ်ဖို့ ဟန်ပြင်နေပြီဆိုပေမဲ့ ဘယ်လောက်မြန်မြန် ပြန်ရုပ်မလဲဆိုတဲ့အပါ် အဖွဲ့ဝင်နိုင်ငံတွေ

Tuesday, April 3, 2012

ကြားဖြတ်ရွေးကောက်ပွဲအပေါ်သမ္မတ အိုဘားမားချီးကျူးဂုဏ်ပြု


အမေရိကန်သမ္မတ အိုဘားမားကလည်း ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်ကို မြန်မာပြည်သူတွေရဲ့ အောင်ပွဲတစ်ရပ်အဖြစ် ချီးကျူး ဂုဏ်ပြု လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီပါတီ အတွက် ၀မ်းမြောက်ကြောင်း ပြောဆိုထားပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့

Sunday, April 1, 2012

ယနေ့ ရရွေးကောက်ပွဲသတင်း

ဒီနေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ၂ နေရာအတွက် မဲပေးရာမှာ မဲပေးပိုင်ခွင့်ရှိသူ စာရင်းကွာဟမှုကြောင့် တနင်္သာရီတိုင်း လောင်းလုံမြို့နယ်နဲ့ ကျွန်းစုမြို့နယ် နှစ်မြို့နယ်ပေါင်းရှိ စာရင်းကျန်ခဲ့တဲ့ လူ ၅၀၀၀ နီးပါး မဲပေးခွင့်မရခဲ့ဘူးလို့ သိရပါတယ်။  လောင်းလုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းအတွက် မဲရုံ ၁၀၇ ရုံကနေ မဲပေးပိုင်ခွင့်ရှိသူ ၅ သောင်း ၇ ထောင်ကျော်ရှိတဲ့အထဲမှာ ဒီနေ့နေ့လည်ပိုင်းအထိ မဲပေးပြီးသူ အားလုံးနီးပါး ရှိပြီလို့ လောင်းလုံမြို့နယ် အန်အယ်လ်ဒီ ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်စိုးက

တနင်္သာရီတိုင်း လောင်းလုံမြို့နယ်နဲ့ ကျွန်းစုမြို့နယ် အခြေအနေ

ဒီနေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ၂ နေရာအတွက် မဲပေးရာမှာ မဲပေးပိုင်ခွင့်ရှိသူ စာရင်းကွာဟမှုကြောင့် တနင်္သာရီတိုင်း လောင်းလုံမြို့နယ်နဲ့ ကျွန်းစုမြို့နယ် နှစ်မြို့နယ်ပေါင်းရှိ စာရင်းကျန်ခဲ့တဲ့ လူ ၅၀၀၀ နီးပါး မဲပေးခွင့်မရခဲ့ဘူးလို့ သိရပါတယ်။

လောင်းလုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းအတွက
် မဲရုံ ၁၀၇ ရုံကနေ မဲပေးပိုင်ခွင့်ရှိသူ ၅ သောင်း ၇ ထောင်ကျော်ရှိတဲ့အထဲမှာ ဒီနေ့နေ့လည်ပိုင်းအထိ မဲပေးပြီးသူ အားလုံးနီးပါး ရှိပြီလို့ လောင်းလုံမြို့နယ် အန်အယ်လ်ဒီ

နေပြည်တော် ပုဗ္ဗသီရီမြို့နယ် ညောင်လူးမဲရုံမှာ ဖယောင်းသုတ်ထားတဲ့ မဲစာရွက်တွေ့

နေပြည်တော် သီရိ ၄ မြို့နယ်ထဲက အဆိုတော် ဇေယျာသော် NLD ကို ကိုယ်စားပြုဝင်ပြိုင်တဲ့ ပုဗ္ဗသီရိမြို့နယ်က ညောင်လူးကျေးရွာမဲရုံမှာ NLD အကွက်ကို ဖယောင်းသုတ်ထားတဲ့ မဲစာရွက်တွေ ရာနဲ့ချီတွေခဲ့ရတယ်လို့ ပျဉ်းမနားခရိုင် အောင်နိုင်ရေးအဖွဲ့ဝင် ဦးမျိုးတေဇာမောင်က ပြောပါတယ်။

"ပုဗ္ဗသီရိမြို့နယ် ညောင်လူးကျေးရွာမဲရုံမှာ ဖယောင်သုတ်ထားတဲ့မဲလက်မှတ်တွေတွေ့ရပါတယ်။ မဲလက်မှတ်က ရာနဲ့ချီနေတယ်။ NLD မဲပေးမယ့်အကွက်တွေမှာဘဲသုတ်ထားတ

ကျောက်ပန်းတောင်းမြို့ အခြေအနေ

ကျောက်ပန်းတောင်းမြို့သပြေသာရပ်
ကွက်မှာ ရွေးကောက်ပွဲကော်မီရှင်ဥက္ကဌက အရက်မူးနေသလို မဲလာထည့်တဲ့လူတွေ က သူတို့နံမည် မပါတာကြောင့် ပြဿနာဖြစ်ခဲ့တဲ့အကြောင်း ကျောက်ပန်းတောင် အင်န်အယ်လ်ဒီ ရွေးကောက်ပွဲအောင်နိုင်ရေး တာဝန်ခံ ကိုအေးခိုင်က ပြောပါတယ်။

"ကော်မရှင်ဥက္ကဋ္ဌက မူးနေတာ။ သွားပေးတဲ့လူ မပါတဲ့အခါကျတော့

အခု သိရသမျှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေရာ ၄၀ ကျော်မှာ အနိုင်ရရှိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့ညနေ နောက်ဆုံးမဲရေတွက်မှုတွေအရ ကော့မှုးမြို့နယ် မဲဆန္ဒနယ်မြေကနေ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
သတင်းထုတ်ပြန်ကြေငြာလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်က ကိုယ်စားလှယ် မဖြူဖြူသင်း အပါအ၀င် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၀င်ရောက်ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ်မြေ ၆ နေရာစလုံးလည်း အနိုင်ရရှိပါတယ်။

အစိုးရရုံးစိုက်ရာ နေပြည်တော်က လစ်လပ်နေရာ ၄ နေရာ

နောက်ဆုံးရမဲစာရင်းများ

- နေပြည်တော် ဇမ္ဗူသီရိ မဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ်လောင်း ဦးဝင်းဌေးအား ဆန္ဒမဲ ၅၀၀၀ ကျော်ဖြင့် အနိုင်ရ...ရှိခဲ့ကြောင်:
- နေပြည်တော် ဒက္ခိဏ သီရိမဲဆန္ဒနယ်တွင်လည်း NLD မှ ဦးနိုင်ငံလင်းက ပြည်ခိုင်ဖြိုးပါတီမှ ဒုတိယ အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးမောင်ရှိန်အား မဲအပြတ်အသတ်ဖြင့်